ဇမ္ဗူသီရိက ကျောင်းသုံးကျောင်းအတွက် ကြို/ပို့ယာဉ်များ စီစဉ်ပေး

ဇမ္ဗူသီရိက ကျောင်းသုံးကျောင်းအတွက် ကြို/ပို့ယာဉ်များ စီစဉ်ပေး
(ဓာတ်ပုံ-နေသာ)

နေပြည်တော်၊ ဇွန် ၁၂ ။             ။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရီ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း သုံးကြောင်းအတွက် ကျောင်းကြိုပို့ယာဉ် ၁၀စီးကို ဇွန် ၂၃ရက်ကစ၍ စမ်းသပ်ပြေးဆွဲရန် စီစဉ်ပေးထားကြောင်း နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ သိရသည်။

"အ.ထ.က (၇) ဆိုရင် အမြန်လမ်းဘေးက ရွာ ငါးရွာအထိသွားရောက်ပြီး ကြိုပို့စီစဉ်ပေးမယ်။ လှူဒါန်းတဲ့ အစီး ၄၀ လုံးကို ဇမ္မူသီရီအတွက်ပဲ သုံးစွဲသွားမှာပါ။ အခြားမြို့နယ်တွေအတွက်တော့ အစီအစဉ်မရှိသေးပါဘူး" ဟု နေပြည်တော်ကောင်စီနယ်မြေ တိုင်းပညာရေးမှူး ဦးစိုးဝင်းကပြောသည်။

ကျောင်းကြိုပို့ယာဉ် အဖြစ်ထားရှိမည့် ၂၈ ယောက်စီးနင်းနိုင်မည့် School Bus များကို Hyundai ကုမ္ပဏီမှ အစီးရေ ၄၀ ကို လှူဒါန်းခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

နေပြည်တော်ရှိ အ.ထ.က ၅/၆/၇ တွင် ကြို ပို့ယာဉ် ၁၀ စီးဖြင့် ယခုလ ၂၃ ရက်နေ့မှစတင် စမ်းသပ် ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး ယာဉ်ပေါ်တွင် ကျောင်းဆရာမ တစ်ဦးထားရှိမည်ဖြစ်ကြောင်း နေပြည်တော် တိုင်းပညာရေးမှူးရုံးမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly