ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတစ်ယောက်အဖြစ် သရုပ်ဆောင်သွားမယ့် လီဂျောင်ဆွတ်ခ်

ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတစ်ယောက်အဖြစ် သရုပ်ဆောင်သွားမယ့် လီဂျောင်ဆွတ်ခ်

ဆိုးလ်၊ ဇွန် ၁၀ ။          ။ တောင်ကိုရီးယား မင်းသား လီဂျောင်ဆွတ်ခ်သည် မကြာမီ ထုတ်လွှင့်ပြသမည့် “ W” ဒရမ်မာ ဇာတ်လမ်းတွဲတွင် ချမ်းသာကြွယ်ဝသော အမျိုးသားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း  MBC ရုပ်သံက ပြောကြားသည်။

လီသည် အရှုပ်အရှင်းများသော ဘဝဖြင့် အသက်ရှင် နေထိုင်နေသော်လည်း အောင်မြင်သော ဘဝက ိုပိုင်ဆိုင်ထားသော  ခမ်ချဲလ်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ခမ်ချဲလ်သည် အသက် ၁၈ နှစ်အရွယ်တွင် အိုလံပစ်ဆုတံဆိပ်ကို ရရှိခဲ့ပြီး သိပ္ပံအထူးပြုမေဂျာဖြင့် တက္ကသိုလ်တွင် သွားရောက် ပညာသင်ကြားခြင်းဖြင့် အံ့သြအောင် လုပ်ဆောင်ခဲ့သည်။ ခမ်ချဲလ်သည် စွန့်ဦးစီးပွားရေး လုပ်ငန်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်း၏ဘဝ ထိပ်သို့ရောက်ရှိခဲ့ကာ မီလျံနာတစ်ယောက် ဖြစ်လာခဲ့သည်။

ဇွန် ၁၀ ရက်က ထုတ်ဖော်ပြသခဲ့သော ဓာတ်ပုံတွင် လီဂျောင်ဆွတ်ခ်သည် ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားသည်ကို တွေ့ရသည်။ လီသည် ကားအကောင်စားကြီးကို တစ်ယောက်တည်း မောင်းနေပြီး နေကာမျက်မှန်ကို တပ်ဆင်ထားသည်ပုံမှာ စွဲမက်ဖွယ်ကောင်းပြီး ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားသည်ကို တွေ့ရသည်။

“ W” ဇာတ်ကားကို ဇူလိုင် ၂၀ ရက်မှစတင်ကာ  MBC ရုပ်သံလိုင်းတွင် ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေး နေ့တိုင်း ည ၁၀ နာရီအချိန်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly