ယဉ်ကျေးမှု ဖလှယ်ခြင်းကို မြှင့်တင်ရန် စင်္ကာပူရုပ်ရှင်ကားလေးကား မက္ကဆီကိုတွင် ပြသမည်

ယဉ်ကျေးမှု ဖလှယ်ခြင်းကို မြှင့်တင်ရန် စင်္ကာပူရုပ်ရှင်ကားလေးကား မက္ကဆီကိုတွင် ပြသမည်

မက္ကဆီကိုစီးတီး၊  ဇွန် ၁၀ ။                 ။ စင်္ကာပူရုပ်ရှင်ကား လေးကားကို မက္ကဆီကို စီးတီးတွင် လာမည့်လေးရက်အတွင်း ပြသသွားမည် ဖြစ်ကြောင်းနှင့် 7 Letters ၊ llo llo ၊ 12 Storeys နှင့် 881 ရုပ်ရှင်ကားတို့သည် စင်္ကာပူနိုင်ငံ၏ အချက်အချာကျသော ဒေသအလှအပများကို ပြသနိုင်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းဝန်ကြီး မာလီကီအော့စ်မန်က ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။

Cineteca Nacional တွင် ကျင်းပြုလုပ်မည့် ရုပ်ရှင်ပြပွဲသည် နိုင်ငံခရီးသွားမှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ်  ယဉ်ကျေးမှုဖလှယ်မှုကို တိုးမြှင့်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ယင်း ရုပ်ရှင်ပြပွဲသည် အနာဂတ်တွင် နှစ်နိုင်ငံ စက်မှုလုပ်ငန်းရှင်များအကြား အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု သင်္ကေတတစ်ခုဖြစ်ကြောင်း မာလီကီက ပြောကြားသည်။

စင်္ကာပူ ရုပ်ရှင်ထုတ်လုပ်သူများသည် ၎င်းတို့ထက် အတွေ့အကြုံပိုများသော မက္ကဆီကို ရုပ်ရှင်ထုတ်လုပ်သူများထံမှ ပညာများ သင်ယူနိုင်မည်ဖြစ်ပြီး တတ်သစ်စ ရုပ်ရှင်ထုတ်လုပ်သူများသည် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရုပ်ရှင်ပြပွဲကို အသုံးချနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တေ်ာတို့ အမှန်တစ်ကယ်လိုချင်တဲ့ အောင်မြင်မှုက အခြားသော နိုင်ငံများမှ ရုပ်ရှင်ရိုက်ကူးသူများကို အပြန်အလှန်ထိတွေ့ဆက်သွယ်မှုရရှိအောင် ဖန်တီးပေးတဲ့ပွဲတစ်ခု ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ကူးစိတ်သန်းတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ မက္ကဆီကိုဟာ အရမ်းကို စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မက္ကဆီကိုဟာ အရမ်းကို အရောင်သွေးစုံလင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”ဟု၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly