တေးသီချင်း ခိုးယူမှုဖြင့် ဗြိတိန်အဆိုတော် အက်ဒ်ရှီရန် အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးဆောင်ရန် ရင်ဆိုင်နေရ

တေးသီချင်း ခိုးယူမှုဖြင့် ဗြိတိန်အဆိုတော် အက်ဒ်ရှီရန် အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးဆောင်ရန် ရင်ဆိုင်နေရ

နယူးယော့ခ်၊ ဇွန် ၁၀ ။        ။ ကာလီဖိုးနီးယားအခြေစိုက် တေးဂီတပညာရှင်နှစ်ဦးက ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်ကို တေးသီချင်း ခိုးယူမှုဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးဆောင်ရန် တရားစွဲဆိုခဲ့ကြောင်း သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

သီချင်းရေးဆရာတစ်ဦးဖြစ်ပြီး ထုတ်လုပ်သူ မာတင်ဟာရင်တန်နှင့် သီချင်းရေးဆရာ သောမက်စ်လန်းနစ်ဒ်တို့က ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သည့် အက်ဒ်ရှီရန်၏ နာမည်ကျော်ကြားသော “Photograph” တေးသီချင်းသည်  ၎င်းတို့၏ တေးသီချင်း “Amazing” နှင့် တေးဂီတဆိုင်ရာ ပေါင်းစပ် ဖွဲ့စည်းမှု တူညီနေကြောင်း  ပြောကြားထားသည်။

မာတင်ဟာရင်တန်နှင့် သောမက်စ်လန်းနစ်ဒ်တို့က အဆိုပါ တေးသီချင်းကို ၂၀၀၉ ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ မာတင်ဟာရင်တန်နှင့် သောမက်စ်လန်းနစ်ဒ်တို့၏ တေးသီချင်း “Amazing” ကို ၂၀၁၀ ခုနှစ်က X Factor ဆုရှင် မက်ကာဒဲလ်အတွက် အလားတူနာမည် ဖြင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

မက်ကာဒဲလ်၏ ဗားရှင်းပြောင်းထားသော ယင်းတေးသီချင်းသည် YouTube တွင် ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့ပြီး အက်ဒ်ရှီရန်၏ “ Photograph” တေးဂီတဗီဒီယိုသည် ကြည့်ရှုသူ သန်း၂၀၈ ဦး ရှိခဲ့သည်။

“Photograph” တေးဂီတဗီဒီယိုသည် ကမ္ဘာတစ်ဝန်းတွင် အချပ်ရေ ၃ ဒသမ ၅ သန်းကျော် ရောင်းချခဲ့ရကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်က ထုတ်လွှင့်ပြသခဲ့သည့် “Me Before You” အချစ် ဒရမ်မာ ရုပ်ရှင်ကားတွင် အဆိုပါ တေးသီချင်း ပါဝင်ခဲ့သည်။

“Photograph” တေးသီချင်းသည် ရှီရန်၏ ၂၀၁၄ ခုနှစ် တေးအယ်လ်ဘမ် “x” မှ ပဉ္စမြောက် တစ်ကိုယ်တော်တေးသီချင်း ဖြစ်သည်။ မာင်တင်ဟာရင်တန်နှင့် သောမက်စ်လန်းနစ်ဒ်တို့သည် တရားမကြောင်းအရ တရားရင်ဆိုင်မှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး တေးသီချင်း ပျက်စီးမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးဆောင်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly