EXO အဖွဲ့၏ “EX’ACT” တေးအယ်လ်ဘမ် ပြည်တွင်းနှင့် နိုင်ငံတကာ တေးဂီတ ဇယားများတွင် ကြီးစိုးနေ

EXO အဖွဲ့၏ “EX’ACT” တေးအယ်လ်ဘမ် ပြည်တွင်းနှင့် နိုင်ငံတကာ တေးဂီတ ဇယားများတွင် ကြီးစိုးနေ

ဆိုးလ်၊ ဇွန် ၁၀ ။             ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့၏  “EX’ACT” တေးအယ်လ်ဘမ်သည် ဇွန် ၉ ရက်က ထွက်ရှိခဲ့ပြီးနောက် ယင်းတေးအယ်လ်ဘမ်ထဲမှ တေးသီချင်း “Monster” သည် MelOn၊ Genie ၊ Soribada  ၊ Olleh Music ၊ Mnet ၊ Naver Music ၊ Bugs Music နှင့် Monkey3 အပါအဝင် တေးသီချင်းဇယားများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

“Monster” တေးသီချင်းသာမက “Lucky One” တေးသီချင်းသည် ဒုတိယနေရာတွင် ရပ်တည်နေပြီး တေးအယ်လ်ဘမ်တွင် ပါဝင်သော အခြားသော တေးသီချင်းများသည်လည်း တေးသီ ချင်းဇယားများတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

EXO အဖွဲ့၏ ကျော်ကြားမှုသည် ပြည်တွင်း၌သာမကပဲ ကမ္ဘာတစ်ဝန်းတွင်ပါ ကျော်ကြားလျက် ရှိသည်။ ” EX’ACT” တေးအယ်လ်ဘမ်သည် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား ၊ စင်္ကာပူ ၊ ထိုင်ဝမ် ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ၏ iTunes ဇယားများတွင် ထိပ်ဆုံးနေရာမှ ရပ်တည်လျက်ရှိသည်။ ထို့အပြင် ဖိလစ်ပိုင်၊ ဂျပန် ၊ ရုရှ၊ ဖင်လန်၊ တူရကီ ၊ မက္ကဆီကို ၊ ဒိန်းမတ် ၊ ဆွီဒင်နှင့် ကနေဒါနိုင်ငံတို့ တွင် ထိပ်တန်း ၁၀ နေရာတွင် ရပ်တည်လျက်ရှိပြီး အမေရိကန်ပြည်ထောင်စုတွင် နံပါတ် ၁၅ နေရာမှ ရပ်တည်လျက် ရှိသည်။

EXO အဖွဲ့၏ “EX’ACT” တေးအယ်လ်ဘမ်သည် ကြိုတင်မှာယူမှု ၆၆၀၀၀၀ ရှိခဲ့ပြီး EXO ၏ သန်းနှင့်ချီ ရောင်းအားကောင်းသော တေးအယ်လ်ဘမ်ဖြစ်လာရန် မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly