ဆောင်ဂျောင်ကီ၏ ပရိတ်သတ် တွေ့ဆုံပွဲကို တတ်ရောက်မည်ဟု ဆောင်ဟေဂျို (အွန်စော) ပြောကြား

ဆောင်ဂျောင်ကီ၏ ပရိတ်သတ် တွေ့ဆုံပွဲကို တတ်ရောက်မည်ဟု ဆောင်ဟေဂျို (အွန်စော) ပြောကြား

ဆိုးလ်၊ ဇွန် ၈ ။                ။ တောင်ကိုရီးယား မင်းသမီး ဆောင်ဟေဂျို (အွန်စော)သည် တရုတ်နိုင်ငံ ချန်ဒူမြို့တွင် မကြာမီ ကျင်းပပြုလုပ်မည့် ဆောင်ဂျောင်ကီ၏ ပရိတ်သတ်တွေ့ဆုံပွဲကို တတ်ရောက်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲဟု စီချွမ်ပြည်နယ် တာဝန်ရှိသူများက ပြောကြားသည်။

စီချွမ်ပြည်နယ် ယဉ်ကျေးမှု ဝန်ကြီးဌာနက “ 2016 Song Joong-ki Asia Tour Fan Meeting” ပရိတ်သတ် တွေ့ဆုံပွဲနှင့် စပ်လျဉ်း၍ ၎င်းတို့၏ တရားဝင် ဝက်ဆိုက်ဒ်တွင် ဇွန် ၇ ရက်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆောင်ဂျောင်ကီရဲ့ ပရိတ်သတ်တွေ့ဆုံပွဲမှာ ဆောင်းဟေဂျိုကို တတ်ရောက်ဖို့ ကျွန်တော်တို့ ခွင့်ပြုထားတယ်။ စီချွမ်မှာ ပြုလုပ်မယ့် ဆောင်ဂျောင်ကီရဲ့ ဖျော်ဖြေရေး အစီစဉ်များအပေါ် မူတည်ပြီး တော့ ထပ်မံ ခွင့်ပြုတာတွေ ပြုလုပ်သွားမှာပါ” ဟု စီချွမ်ပြည်နယ် ယဉ်ကျေးမှု ဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဆိုက်ဒ်တွင် ပြောကြားထားသည်။

ချန်ဒူ ပရိတ်သတ်တွေ့ဆုံပွဲကို ဇွန် ၁၇ ရက်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၂၅ ရက်တွင် ထိုင်ဝမ် ပရိတ်သတ်တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly