မယ်ရီဘယ်ရီနဲ့ အိန်ဂျလီနာဂျိုလီတို့ Woman’s Hour အစီစဉ်တွင် ဧည့်အယ်ဒီတာအဖြစ် ပါ၀င် ဆောင်ရွက်သွားမည်

မယ်ရီဘယ်ရီနဲ့ အိန်ဂျလီနာဂျိုလီတို့ Woman’s Hour အစီစဉ်တွင် ဧည့်အယ်ဒီတာအဖြစ် ပါ၀င် ဆောင်ရွက်သွားမည်

နယူးယော့ခ်၊ ဇွန် ၈ ။         ။ Great British Bake Off ဆုပေးပွဲအစီစဉ် ဒိုင်လူကြီး  မယ်ရီဘယ်ရီနှင့် ဟောလီးဝုဒ်မင်းသမီး ကြီး အိန်ဂျလီနာဂျိုလီတို့သည် ယခုလနှောင်းပိုင်းတွင် ဘီဘီစီ ရေဒီယို ၄ ၏ Woman’s Hour အစီစဉ်တွင် ဧည့်အယ်ဒီတာအဖြစ် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဘောလုံးသမား အယ်နီအိုလိုလူကို၊ စကော့တလန် ကဗျာဆရာ ဂျက်ကီကေးနှင့် နိုဗယ်ဆုရှင် ဆန်နီထရာဂူပတာတို့သည်လည်း တည်းဖြတ်ပေးရန် ဖိတ်ကြားခြင်းခံရသည့် အမျိုးသမီးများတွင် ပါဝင်ခဲ့သည်။ The Woman’s Hour  Takeover week အစီစဉ်ကို ဇွန် ၁၃ ရက်မှ ၁၇ ရက်အထိ ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

ဇွန် ၁၃ ရက်တွင် ထုတ်လွှင့်ပြသမည့် ဘယ်ရီ၏ တည်းဖြတ်မှုတွင် မိန်းကလေးများအတွက် လမ်းညွှန်မှုများနှင့် ဥယျာဉ်စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ ကုထုံးများအကြောင်းကို တွေ့မြင်ရမည် ဖြစ်သည်။ ဇွန် ၁၇ ရက်တွင် ထုတ်လွှင့်ပြသမည့် ဂျိုလီ၏ တည်းဖြတ်မှု အစီစဉ်တွင် ဒုက္ခသည်ဆိုင်ရာ အကြပ်အတည်းက ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို စူစမ်း နိုင်မည် ဖြစ်သည်။

“ဧည့်အယ်ဒီတာ တစ်ဦးစီဟာ သူတို့ရဲ့ ကိုယ်ပိုင် သိချင်စိတ်ပြင်းပြမှုနဲ့ တစ်မူထူးခြားသော ထိုးထွင်းဉာဏ်တွေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်။ အကြောင်းအရာနဲ့ ပတ်သက်လို့ သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေသွားမှာ ဖြစ်ပါတယ်” ဟု Woman’s Hour အယ်ဒီတာ အဲလစ်ဖိန်စ တင်း က ပြောကြားသည်။

Takeover week အစီစဉ်တွင် ယခင်က ဟယ်ရီပေါ်တာစာရေးဆရာမ ဂျေကေရိုလင်း ၊ မင်းသမီး ကင်ကက်ရဲလ်နှင့် စာရေးဆရာ ဒါမီဂျက်ကီလိန်းဝဲလ်ဆင် တို့သည်လည်း ဧည့်အယ်ဒီ တာများအဖြစ် လုပ်ဆောင်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly