နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ယနေ ့မျက်စိစစ်ဆေးမှုခံယူမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ယနေ ့မျက်စိစစ်ဆေးမှုခံယူမည်
ဒေါ်အောင်ဆန်းစုကြည်အား မျက်စိအား စစ်ဆေးပေးမည့် ပါမောက္ခ ဒေါက်တာ ခင်ဥမ္မာခိုင်။ (ဓာတ်ပုံ- နေသာ)

နေပြည်တော်၊ ဇွန် ၈ ။              ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၈ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးတွင် မျက်စိစစ်ဆေးမှုခံယူသွားမည်ဖြစ်သည်။

"မျက်စိအတွင်းတိမ်ခွဲစိတ်ပြီးတဲ့ လူနာတိုင်းကို တစ်လကျော်ပြီဆို နောက်ဆုံးအကြိမ်ပြန်လည်စစ်ဆေးရတဲ့နေ့ပေါ့ Final Ckeck up လို့လည်း ပြောလို့ရပါတယ်" ဟု စစ်ဆေးမှုပြု လုပ်ပေးမည့် ပါမောက္ခ ဒေါက်တာ ခင်ဥမ္မာခိုင်ကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၉ ရက် နှင့် ၁၆ ရက်တို့တွင် မျက်စိခွဲစိတ်မှုခံယူခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ခွဲစိတ်မှုအောင်မြင်ခဲ့သည်ဟု ဦးဆောင်ခွဲစိတ်မှုပြုလုပ်ခဲ့သည်   ဒေါက်တာ ခင်ဥမ္မာခိုင်၏ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိသည် အသက်အရွယ်အရ ဖြစ်လေ့ဖြစ်ထရှိသည့် အတွက် စိုးရိမ်စရာမရှိကြောင်းလည်း ၎င်းကဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ (ဇွန်) ၁၉ ရက်တွင် အသက် ၇၁ နှစ် ပြည့်တော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly