ဗြိတိန် ပြဇာတ်ရေးဆရာကြီး ပီတာရှက်ဖာ ကွယ်လွန်

ဗြိတိန် ပြဇာတ်ရေးဆရာကြီး ပီတာရှက်ဖာ ကွယ်လွန်

နယူးယော့ခ်၊ ဇွန် ၇ ။                ။  “Amadeus” နှင့် “Equus”  ပြဇာတ်ဖြင့် လူသိများ ကျော်ကြားခဲ့သော ဗြိတိန် ပြဇာတ်ရေးဆရာကြီး ပီတာရှက်ဖာသည် အိုင်ယာလန်ရှိ ကို့ခ်ခရိုင်တွင် အဆုတ်ရောင်ရောဂါ ၊ သက်ကြီးရောဂါနှင့် ဆက်စပ်သော ရောဂါဖြင့် ဇွန် ၆ ရက်က ကွယ်လွန်ခဲ့ကြောင်း ၎င်း၏ အေဂျင်စီက ပြောကြားသည်။

ပီတာရှက်ဖာသည် အသက် ၉၀ ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့ပြီးနောက် သီတင်းပတ်အနည်း ငယ်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။

ရှက်ဖာကို လီဗာပူးလ်မြို့တွင် မွေးဖွားခဲ့ပြီး လန်ဒန်နှင့် ကမ်းဘရစ်ချ်တွင် ပညာသင်ကြားခဲ့ ကြောင်းနှင့် ၁၉၅၄ ခုနှစ်က ဘီဘီစီ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သော “The Salt Land” ပြဇာတ်ဖြင့် ပြဇာတ်ရေးဆရာဘဝကို စတင်ခဲ့ပြီး “The Private Ear”  နှင့် “The Public Eye” ကဲ့သို့သော ဟာသပြဇာတ်များကိုလည်း ရေးသားခဲ့သည်။

ရှက်ဖာသည် ၁၉၇၈ ခုနှစ်က “Equus” ပြဇာတ်ဖြင့် အော်စကာဆု ရရှိခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်တွင် “Amadeus” ပြဇာတ်ဖြင့် အော်စကာဆုကို ရရှိခဲ့သည်။ ရှက်ဖာသည် ၁၉၈၇ ခုနှစ်က Commander of the Order of the British Empire(CBE)ဆုကို ချီးမြှင့်ခံခဲ့ရပြီး ၂၀၀၁ ခုနှစ်က ဒုတိယမြောက် အဲလ်လီဇဘက်ဘုရင်မကြီးရဲ့ သူကောင်းဘွဲ့ ချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags