မင်းသားဂျောင်အီဝူ ထိုင်းဒရမ်မာဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမည်

မင်းသားဂျောင်အီဝူ ထိုင်းဒရမ်မာဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမည်

ဆိုးလ်၊ ဇွန် ၇ ။            ။ တောင်ကိုရီးယားမင်းသား ဂျောင်အီဝူသည်  “Love and Lies” ထိုင်းဒရမ်မာ ရုပ်သံဇာတ်လမ်း တွဲတွင် ပါဝင်သရုပ်ဆောင်မည့် ပထမဆုံး ကိုရီးယားမင်းသား ဖြစ်လာသည်။

ဂျောင်အီဝူသည် စမတ်ကျသည့် ပြည်သူ့ဆက်ဆံရေး အရာရှိအကြီးအကဲ Tim အဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ဂျောင်အီဝူသည် ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် အတွက် ဇွန် ၅ ရက်က ဘန်ကောက်သို့ ထွက်ခွာခဲ့ကြောင်း ၎င်း၏ အေဂျင်စီ HB Entertainment က ပြောကြားသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂျောင်အီဝူသည် မကြာသေးမီက ကိုရီးယား ရုပ်မြင်သံကြားလိုင်း tvN ၏ ဒရမ်မာဇာတ်ကား “Cinderella and the Four Knights” တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly