ဘဝတွင် မိသားစုပြီးလျှင် ဒုတိယ အရေးကြီးဆုံးသူဟာ ကင်ထယ်ဟီးပါလို့ ပြောလာတဲ့ ရိန်း

ဘဝတွင် မိသားစုပြီးလျှင် ဒုတိယ အရေးကြီးဆုံးသူဟာ ကင်ထယ်ဟီးပါလို့ ပြောလာတဲ့ ရိန်း

ဆိုးလ်၊ ဇွန် ၇ ။            ။ တောင်ကိုရီးယားမင်းသား ရိန်းသည် ၎င်း၏ အာရှ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို တရုတ် ပြည်မကြီး Macau ဒေသတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖျော်ဖြေပွဲတွင် ၎င်း၏ ဦးစားပေးအရာ များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် Ming Pao သတင်းစာက ဇွန် ၆ ရက်တွင် ဖော်ပြထားသည်။

“ကျွန်တော်ဘဝမှာ အရေးကြီးဆုံးအရာဟာ မိသားစုဖြစ်ပါတယ်။ မိသားစုပြီးရင် ဒုတိယအရေး ကြီး အရာကတော့ ကျွန်တော့်ချစ်သူ ကင်ထယ်ဟီး ဖြစ်ပါတယ်။ တတိယကတော့ ကျွန်တော့ကုမ္ပဏီ သူဌေး ဖြစ်ပါတယ်” ဟု ရိန်းက ပြောကြားခဲ့သည်။

ယခုနှစ်အကုန်တွင် ထွက်ရှိမည့် တေးအယ်လ်ဘမ်သစ်အတွက်လည်း ပြင်ဆင်လျက်ရှိကြောင်း ရိန်းက ပရိတ်သတ်များကို ပြောကြားခဲ့သည်။ ရိန်းက ရုပ်ရှင်ကားတစ်ကားနှင့် ရုပ်မြင်သံကြား ဒရမ်မာ ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ရိန်းသည် မကြာသေးမီက ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “ Please Come Back Mister” တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly