ကိုလံဘီယာ ခရိုင်ပြိုင်ပွဲဝင် Miss USA ဆု ရရှိ

ကိုလံဘီယာ ခရိုင်ပြိုင်ပွဲဝင် Miss USA ဆု ရရှိ

အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်မြို့ T- Mobile အားကစားခန်းမတွင် ဇွန် ၅ ရက်က ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်  Miss USA  ပြိုင်ပွဲတွင်  ကိုလံဘီယာခရိုင်မှ  အသက် ၂၆ နှစ်အရွယ် စစ်တပ်အရာရှိ ဒစ်ရှာနာဘာဘာက Miss USA သရဖူကို ဆွတ်ခူးခဲ့သည်။

ဒစ်ရှာနာဘာဘာသည် first runner-up ဆုရှင် ဟာဝါရီကိုယ်စားပြု ချဲလ်ဆီးဟာဒင်အပါအဝင် ပြိုင်ပွဲဝင် ၅၁ ဦးကို ကျော်လွန်ကာ  သရဖူကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ဘာဘာကို အမျိုးသမီး စစ်သား များနှင့် စပ်လျဉ်း၍ မေးခွန်းများကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ “ ကျွန်မတို့တွေဟာ အမျိုးသားတွေ လိုပဲ အကြမ်းခံနိုင်ပါတယ်”ဟု ဘာဘာက ပြန်လည်ဖြေကြားခဲ့သည်။

အပြီးသတ် ရွေးချယ်ထားသော ပြိုင်ပွဲဝင် ငါးဦးအနက် တစ်ဦးဖြစ်သူ ဟာဒင်ကိုလည်း မေးမြန်း မှုများ ပြုလုပ်ခဲ့သည်။ မနက်ဖြန်တွင် အမေရိကန်ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် ဟီလာရီကလင်တန် သို့မဟုတ် ဒေါ်နယ်ထရန့်ကို ထောက်ခံမှုရှိမရှိနှင့် စပ်လျဉ်း၍ မေးမြန်ခဲ့ရာ ဟာဒင်က သမ္မတလောင်း ဝင်ရောက်အရွေးခံသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနာမည်ကို ပြောကြားခဲ့ခြင်းမရှိဘဲ သမ္မတတစ်ယောက်တွင် ရှိသင့်သည့် အရည်အချင်းများကိုသာ ပြောကြားသွားခဲ့သည်။

ယင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပရိတ်သတ်များက ပျက်ရယ်ပြုခဲ့ကြပြီး လူမှုရေးမီဒီယာပေါ်တွင် ပြစ်တင်ပြောကြားမှုများ ဖြစ်ပေါ်ခဲ့သည်။

ဘာဘာသည် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် နှစ်စဉ် ကျင်းပပြုလုပ်နေကျ Miss Universe ပြိုင်ပွဲတွင် အမေရိကန် ကိုယ်စားပြုအဖြစ် ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags