ပရိတ်သတ်ရဲ့ မင်္ဂလာပွဲမှာ တေးသီချင်းသီဆိုကာ အံ့သြသွားအောင် လုပ်ခဲ့တဲ့ တေလာဆွစ်ဖ်

ပရိတ်သတ်ရဲ့ မင်္ဂလာပွဲမှာ တေးသီချင်းသီဆိုကာ အံ့သြသွားအောင် လုပ်ခဲ့တဲ့ တေလာဆွစ်ဖ်

ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် ယခုသီတင်းပတ်ကုန်က ကျင်းပပြုလုပ်သော ပရိတ်သတ်တစ်ဦး၏ မင်္ဂလာပွဲ၌ သီချင်းဖျော်ဖြေပေးခြင်းဖြင့် အံံသြသွားအောင် လုပ်ဆောင်ပေးခဲ့သည်။

မက်ဇ်ဆင်ဂါးနှင့် ကန်ယာစမစ်တို့ စုံတွဲ၏ မင်္ဂလာပွဲ ကျင်းပစဉ် တေလာသည် အမှတ်မထင် ရောက်လာကာ ၎င်း၏ နာမည်ကျော်ကြားသော “Blank Space” တေးသီချင်းဖြင့် ဖျော်ဖြေပေးခဲ့သည်။ မက်ဇ်ဆင်ဂါး၏ အစ်မဖြစ်သူက တေလာ၏ ဖျော်ဖြေမှုကို စီစဉ်ခဲ့ခြင်းဖြစ်သည်။

မက်ဇ်ဆင်ဂါး၏ အစ်မဖြစ်သူ အလီက မက်ဇ်ဆင်ဂါးနှင့် ကန်ယာစမစ်တို့ စုံတွဲသည် ၎င်းတို့၏ မင်္ဂလာပွဲကို မိခင်ဖြစ်သူ တတ်ရောက်နိုင်စေရန် မိခင်ဖြစ်သူ၏ ဆေးရုံခန်းတွင် ကျင်းပခဲ့ခြင်းဖြစ် ကြောင်း တေလာထံ စာရေးသားပေးပို့ကာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် တေလာသည် ဆင်ဂါး၏ အစ်မဖြစ်သူ အလီကို ဆက်သွယ်ခဲ့ပြီး ယခုကဲ့သို့ အံ့သြ သွားစေရန် နှစ်ယောက်အတူ စီစဉ်ခဲ့ခြင်းဖြစ်သည်။

တေလာသည်  တေးသီချင်းဖျော်ဖြေရန် လျှပ်စစ်စန္ဒယားနောက်ကွယ်မှ ပေါ်ထွက်လာစဉ် မင်္ဂလာပွဲကို တတ်ရောက်လာသော ပရိတ်သတ်များက ကခုန်ခဲ့ကြသည်။ မင်္ဂလာပွဲတတ်ရောက်လာ သော ပရိတ်သတ်များက တေလာ၏ ဖျော်ဖြေမှုကို ၎င်းတို့၏ ဖုန်းများဖြင့် ရိုက်ယူခဲ့ပြီး တေးသီချင်းများ လည်း လိုက်ဆိုခဲ့သည်။

တေလာသည် မက်ဇ်ဆင်ဂါးတို့ စုံတွဲအတွက် ရေးဆေးပန်းချီကဒ်ကို ဆေးရောင်ခြယ်ပေးခဲ့ပြီး သတိုးသား၊ သတိုးသမီးတို့နှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly