မြောက်ကာရိုလိုင်းနား ဖျော်ဖြေပွဲမှ ရရှိသော ငွေများကို ဒေသတွင်း LGBT အဖွဲ့ကို လှူဒါန်းသွားမည်

မြောက်ကာရိုလိုင်းနား ဖျော်ဖြေပွဲမှ ရရှိသော ငွေများကို ဒေသတွင်း LGBT အဖွဲ့ကို လှူဒါန်းသွားမည်

နယူးယော့ခ်၊ ဇွန် ၄ ။            ။ ပေါ့ကြယ်ပွင့် ဆလီနာဂိုမက်ဇ်က မကြာမီကျင်းပပြုလုပ်မည့် မြောက်ကာရိုလိုင်းနား ဖျော်ဖြေပွဲ မှ ရရှိသော ငွေများကို ဒေသတွင်း LGBT (လိင်တူချစ်သူ) အဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် HB2 ကဲ့သို့သော ဥပဒေများကို ထည့်သွင်းစဉ်းစားခြင်း မရှိသည့်နေ့ မကြာမီ ရောက်ရှိမည်ဟု မျှော်လင့်ကြောင်း  ပြောကြားခဲ့သည်။

မြောက်ကာရိုလိုင်းနားသည် မတ်လက အငြင်းပွားဖွယ် HB2 ဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း ယင်းဥပဒေသည်  အသိအမှတ်ပြုထားသည့် ကျားမ ဖြစ်တည်မှု နှင့် ကိုက်ညီသည့် အများပြည်သူသုံး ရေချိုးခန်းများကို အသုံးပြုရန် လိင်ပြောင်းထားသောသူများကို ခွင့်ပြုထားသည့် မြို့နယ်နှင့် အခြား သော ဒေသတွင်း အစိုးရအဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းများကို ပိတ်ပင်တားဆီးထားသည်။

“ကျွန်မ ငယ်ငယ်က လူတိုင်းဟာ တန်းတူအခွင့်အရေး ရသင့်တယ်ဆိုတာကို သင်ကြားပေးတဲ့ မွေးရပ်နိုင်ငံမှာ ကြီးပြင်ခွင့်ရတာ ကျွန်မ အရမ်းကို ကံကောင်းပါတယ်”ဟု ဆလီနာဂိုမက်ဇ်က အစီရင်ခံ စာတွင် ပြောကြားခဲ့သည်။

“မြောက်ကာရိုလိုင်းနားမှာ ကျွန်မရဲ့ ဖျော်ဖြေပွဲ လုပ်သင့် မလုပ်သင့်နဲ့ ပတ်သက်လို့ ကျွန်မ ပြန်စဉ်စားခဲ့တယ်။ နောက်ဆုံးမှာတော့  ဒါဟာ ကျွန်မတွက် အခွင့်ရေးတစ်ခုဖြစ်တယ်လို့ တွေးထင်မိ တယ်။ ကျွန်မ ဖျော်ဖြေပွဲကို လုပ်သွားမယ်။ ဖျော်ဖြေပွဲက ရတဲ့ငွေတွေကို  Equality North Carolina အဖွဲ့ကို လှူဒါန်းသွားမယ်။ဒီလို ခွဲခြားဆက်ဆံမှုလုပ်ရပ်ကို တိုက်ဖျက်သွားမယ်” ဟု ဆလီနာဂိုမက် ဇ်က ပြောကြားခဲ့သည်။

ဂိုမက်ဇ်သည် “Revival” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို မေ ၆ ရက်က လက်စ်ဗီးဂက်စ်မြို ကတွင် စတင်ပြုလုပ်ခဲ့ပြီး မြောက်အမေရိက၊ ဥရောပနှင့် အာရှတို့တွင် စီစဉ်ထားသော ရက်များအ တိုင်း ဒီဇင်ဘာလအထိ ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly