အနုပညာသက်တမ်း ခြောက်နှစ်ပြည့် ကျင်းပခဲ့တဲ့ SISTAR အဖွဲ့

အနုပညာသက်တမ်း ခြောက်နှစ်ပြည့် ကျင်းပခဲ့တဲ့ SISTAR အဖွဲ့

ဆိုးလ်၊ ဇွန် ၄ ။           ။ တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ SISTAR အဖွဲ့သည် အနုပညာသက်တမ်း ခြောက်နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

SISTAR အဖွဲ့၏ တွစ်တာနှင့် အင်စတာဂရမ်အကောင့်တို့တွင် ဇွန် ၃ ရက်က အနုပညာ သက်တမ်း ခြောက်နှစ်ပြည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မက်ဆေ့ချ်များကို တင်ခဲ့သည်။ SISTAR အဖွဲ့သည် ၂၀၁၀ ခုနှစ်က အနုပညာလောကအတွင်းသို့ စတင် ဝင်ရောက်ခဲ့ပြီး ၎င်းတို့၏ အသံများနှင့် နွေရာသီ တေးသွားများကြောင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသည့် အဖွဲ့ ဖြစ်သည်။

SISTAR အဖွဲ့သည် မကြာမီထွက်ရှိမည့် မီနီတေးအယ်လ်ဘမ်နှင့်အတူ ဇွန်လတွင် ပရိတ်သတ် ထံ ပြန်လာမည်ဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly