MONSTA X အဖွဲ့၏ ပထမဆုံး ဖျော်ဖြေပွဲလက်မှတ်များ ငါးမိနစ်အတွင်း ရောင်းကုန်

MONSTA X အဖွဲ့၏ ပထမဆုံး ဖျော်ဖြေပွဲလက်မှတ်များ ငါးမိနစ်အတွင်း ရောင်းကုန်

ဆိုးလ်၊ ဇွန် ၄ ။           ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ MONSTA X ၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ “MONSTA X THE FIRST LIVE X CLAN ORIGINS”  လက်မှတ်များ ငါးမိနစ်အတွင်း ရောင်းကုန်ခဲ့ကြောင်း သိရသည်။

ဖျော်ဖြေပွဲ ကြိုတင်လက်မှတ်များကို အဖွဲ့၏ အမာခံပရိတ်သတ် အဖွဲ့ဝင်များအတွက် Interpark  အွန်လိုင်းလက်မှတ် ရောင်းချရေးဆိုဒ်တွင် ဇွန် ၃ ရက်က ဖွင့်လှစ်ရောင်းချခဲ့ရာ လက်မှတ် စောင်ရေ ၂၅၀၀ ရောင်းချခဲ့ရသည်။

“MONSTA X အဖွဲ့ဟာ ဆိုးလ်မြိ့မှာရှိတဲ့  Blue Square Samsung Card ခန်းမတွင် ဇွန် ၁၆ ရက်မှ ၁၇ ရက်အထိ ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေ ပွဲဟာ သူတို့ရဲ့ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ရုံသာမကပါဘူး။ သူတို့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အရည်အ ချင်းတွေနဲ့ တစ်ခါမှမမြင်ဖူးတဲ့ ဖျော်ဖြေမှုတွေကို ပြသဖို့အတွက် အခွင့်အရေး ဖြစ်ပါတယ်” ဟု Starship Entertainment မှ ကိုယ်စားလှယ်များက ပြောကြားသည်။

MONSTA X သည် မေ ၁၈ရက်က ၎င်းတို့၏တတိယမြောက် မီနီတေးအယ်လ်ဘမ် ဖျော်ဖြေ မိတ်ဆက်ပွဲအတွင်း တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ၎င်းတို့၏ မျှော်မှန်းချက်များကို ဖွင့်ဟပြော ကြားခဲ့သည်။ ” ဒီတစ်နှစ်အတွင်း ကျွန်တော်တို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပသွားမယ်” ဟု MONSTA X အဖွဲ့က ပြောကြားခဲ့သည်။

MONSTA X အဖွဲ့၏ တတိယမြောက် တေးအယ်လ်ဘမ် “The Clan  ,Part 1 : Lost” သည် မေ ၁၈ ရက်က ထွက်ရှိခဲ့ပြီး  ဘေလ်ဘုတ်၏ ကမ္ဘာ့ တေးအယ်လ်ဘမ်ဇယားကို ဝင်ရောက်ခဲ့သည့်အ ပြင် ထိပ်တန်း ၁၀ နေရာတွင် သီတင်းပတ်နှစ်ပတ်ကြာ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags