အာရှနိုင်ငံများရှိ iTunes တွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ EXID အဖွဲ့

အာရှနိုင်ငံများရှိ iTunes တွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ EXID အဖွဲ့

ဆိုးလ်၊ ဇွန် ၃ ။             ။ ကေပေါ့ပ် မိန်းကလေး အဆိုတော်အဖွဲ့ EXID ၏ ပထဆုံး စတူဒီယိုအယ်လ်ဘမ် ”Street” သည် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများရှိ တေးဂီတဇယားတွင် ထပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

EXID အဖွဲ့သည် “Street” စတူဒီယို အယ်လ်ဘမ်ကို ဇွန် ၁ ရက်က ဖြန့်ချိခဲ့ကြောင်းနှင့် ခေါင်းစီးတေးသီချင်း “L.I.E” သည် ပြည်တွင်း တေးဂီတဇယားများဖြစ်သော Mnet ၊ Genie ၊ Bugs ၊ Olleh Music နှင့် Soribada တို့တွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

တေးအယ်လ်ဘမ်ကို မေ ၃၁ ရက်က iTunes တွင် ဖြန့်ချိခဲ့ရာ အာရှတွင် လူကြိုက်များမှု ရရှိခဲ့သည်။ ဟောင်ကောင်တွင် ကေပေါ့ပ် တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး ခေါင်းစီးတေးသီချင်းသည်လည်း တစ်ကိုယ်တော် တေးသီချင်းဇယားတွင်ထပ်ဆုံးမှ ရပ်တည်လျက်ရှိ သည်။ “ Street” တေးအယ်လ်ဘမ်သည် မလေးရှားရှိ ကေပေါ့ပ် တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့်အပြင် ထိုင်ဝမ်ရှိ တေးအယ်လ်ဘမ် ဇယားတွင်လည်း ထိပ်ဆုံးမှ ရပ်တည် ခဲ့သည်။

“Street” တေးအယ်လ်ဘမ်တွင် အဖွဲ့ဝင်များ၏ တစ်ကိုယ်တော်နှင့် နှစ်ယောက်တွဲ တေးသီ ချင်းများ အပါအဝင် တေးသီချင်း ၁၃ ပုဒ် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags