နယူးယော့ခ်၊ ဇွန် ၂ ။ ။ ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်နှင့် ကာလ်ဗင်ဟာရစ်တို့ နှစ်ဦးသည် ၁၅ လကြာ တွဲပြီးနောက် ယခုအခါ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း People မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ တေလာနှင့် အသက် ၃၂ နှစ်အရွယ်ရှိ ဒီဂျေသမား ကာလ်ဗင်ဟာ ရစ်တို့သည် မတ်လက ချစ်သူသက်တမ်း တစ်နှစ်ပြည့်အဖြစ် နှစ်ယောက်အတူ ခရီးသွားခဲ့ကြသည်။ တေလာဆွစ်ဖ်သည် ဧပြီလထုတ် Vogue မဂ္ဂဇင်း မျက်နှာဖုံး အင်တာဗျူးတွင် ၎င်းနှင့် ဟာရစ် ဆက်ဆံ ရေးနှင့် စပ်လျဉ်း၍လည်း ပြောကြားခဲ့သည်။
“ကျွန်မ အခု ကြည်နူးဖွယ်ရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နေပါပြီ။ ကျွန်မတို့အတွက် ဒီလိုဆက်ဆံရေးမျိုး ရှိနေစေချင်ပါတယ်။ ဒါဟာ ကျွန်မဘဝနဲ့ ပတ်သက်လို့ အစိတ်ပိုင်းတစ်ခု ဖြစ်တယ်” ဟု တေလာက မဂ္ဂဇင်း မျက်နှာဖုံး အင်တာဗျူးတွင် ပြောကြားခဲ့သည်။]
ဟာရစ်သည် မေ ၂၀ ရက်က လက်စ်ဗီးဂက်စ်မြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။” ကျွန်မ ဟာရစ်ကို အရမ်းကို စိုးရိမ်ခဲ့တယ်။ ကျွန်မ ဟာရစ်ကို ဆေးရံုံ ပို့ဆောင်ပေးခဲ့တယ်။ အခုဆိုရင် ဟာရစ်ရဲ့ အခြေအနေဟာ ကောင်းပါတယ်” ဟု တေလာက ပြောကြားခဲ့သည်ဟု သတင်းအရင်း မြစ်တစ်ခုက Us Weekly ကို ပြောကြားခဲ့သည်။
တေလာဆွစ်ဖ်သည် ယခင်က One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်၊ ဂျိတ်ခ်ဂျလန်ဟို ၊ ဂျိုးဂျိုနက်စ် ၊ တေလာလောက်နာတို့နှင့် တွဲခဲ့ဖူးသည်။