တစ်ကိုယ်တော် ဖျော်ဖြေပွဲကို သုံးရက်ထပ်တိုးလိုက်တဲ့ Girls’ Generation အဖွဲ့ဝင် Tiffany

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို သုံးရက်ထပ်တိုးလိုက်တဲ့ Girls’ Generation အဖွဲ့ဝင် Tiffany

ဆိုးလ်၊ ဇွန် ၁ ။              ။ Girls’ Generation အဖွဲ့ဝင်  Tiffany သည်  ၎င်း၏ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲရက်ကို  ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက် ထပ်တိုးလိုက်ကြောင်း ၎င်း၏ အေဂျင်စီး S.M. Entertainment က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

Tiffany ၏ ပထမဆုံးဖျော်ဖြေပွဲ “Weekend – Tiffany ”ကို ဆိုးလ်မြို့ ဆမ်ဆောင်ဒေါင် ဒေသ  SMTown Coex Artium တွင် ဇွန် ၁၀ရက်မှ ၁၂ရက်အထိ နှင့် ၂၄ ရက်မှ ၂၆ရက်အထိ စုစုပေါင်း ဖျော်ဖြေပွဲ ခြောက်ပွဲကို ကျင်းပသွားမည် ဖြစ်သည်။

Tiffany သည်  S.M Entertainment အဆိုတော်များ တစ်ကိုယ်တော် ဖျော်ဖြေပွဲအစီစဉ်တွင် ခြောက်ယောက်မြောက်အဆိုတော် တစ်ဦးဖြစ်သည်။ပထမဆုံး ဖျော်ဖြေပွဲသုံးပွဲ လက်မှတ်များအား လုံးကို ရောင်းချခဲ့ပြီးဖြစ်ပြီး ထပ်တိုးဖျော်ဖြေပွဲသုံးပွဲ လက်မှတ်များကို  Yes24 အွန်လိုင်းမှတစ်ဆင့်  ဇွန် ၇ရက် ည ၈ နာရီအချိန်တွင် ရောင်းချသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly