ရုရှသမ္မတနဲ့ ဂေးအခွင့်အရေး တွေ့ဆုံဆွေးနွေးလိုကြောင်း အယ်လ်တန်ဂျွန် ပြောကြား

ရုရှသမ္မတနဲ့ ဂေးအခွင့်အရေး တွေ့ဆုံဆွေးနွေးလိုကြောင်း အယ်လ်တန်ဂျွန် ပြောကြား

နယူးယော့ခ်၊ ဇွန် ၂  ။                ။  ဗြိတိန်အဆိုတော် အယ်လ်တန်ဂျွန်က ယခုတစ်ကြိမ်တွင် ရုရှသမ္မတ ဗာလာဒီမာပူတင်သည် ၎င်းနှင့် တွေ့ဆုံရန် အချိန်မပေးနိုင်သော်ငြားလည်း   ရုရှနိုင်ငံအတွင်း ဂေးအခွင့်အရေး၊ အေအိုင်ဒီအက်စ် ရောဂါနှင့်စပ်လျဉ်း၍ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း မော်စကိုမြို့တွင် ပြုလုပ်သော ဖျော်ဖြေပွဲတွင် အယ်လ်တန်ဂျွန်က ပြောကြားခဲ့သည်။

အယ်လ်တန်ဂျွန်က ပူတင်နဲ့ တွေ့ဆုံခွင့်မရသည့်အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သော် လည်း ပူတင်နှင့် တွေ့ဆုံရန် ရုရှနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် ဒီဖျော်ဖြေရေးခရီးစဉ်မှာ သမ္မတ ပူတင်နဲ့ တွေ့ဖို့ မျှော်လင့်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိမှာပါ။ ဒါပေမဲ့လည်း သမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်တော့ပါဘူး။ LGBT (လိင်တူချစ်သူ)၊ အိတ်ချ်အိုင်ဗွီနဲ့ အေအိုင်ဒီအက်စ် အပါအဝင် ရုရှနိုင်ငံအတွင်းရှိ အခြားကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ကျွန်တော့်ကို ပူတင် ဖိတ်ကြားတုန်းက အရမ်းကို ပျော်ရွှင်ခဲ့ရတယ်။ အနာဂတ်မှာ ကျွန်တော်တို့ တွေ့ဆုံဖို့အတွက် ကျွန်တော် မျှော်လင့်ပါတယ်” ဟု အယ်လ်တန်ဂျွန်က ပရိတ်သတ်များ ကို ပြောကြားခဲ့သည်။

အယ်လ်တန်ဂျွန်သည် ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီစဉ် အစိတ်ပိုင်းတစ်ရပ်အဖြစ် ရုရှနိုင်ငံ စိန်ပီတာစဘက်မြို့ရှိ  Ice Palace နှင့် မော်စကိုမြို့ရှိ  Crocus  မြို့တော်ခန်းမတို့တွင် ဖျော်ဖြေခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly