ဆီးချိုရောဂါ ခံစားနေရသော ကိုရီးယားကလေးငယ်များ အသင်းအဖွဲ့ သံတမန် ဖြစ်လာတဲ့ CLC အမျိုးသမီး အဆိုတော်အဖွဲ့

ဆီးချိုရောဂါ ခံစားနေရသော ကိုရီးယားကလေးငယ်များ အသင်းအဖွဲ့ သံတမန် ဖြစ်လာတဲ့ CLC အမျိုးသမီး အဆိုတော်အဖွဲ့

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ CLC သည် ဆီးချိုရောဂါ ခံစားနေရသော ကိုရီးယား ကလေးငယ်များအသင်းအဖွဲ့ သံတမန် ဖြစ်လာသည်။

မကြာမီတွင် CLC အဖွဲ့သည် ခုနှစ်ကြိမ်မြောက် ဆီးချိုရောဂါ ခံစားနေရာသော ကလေးငယ်များ နှစ်ပတ်လည်နေ့ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြီး Lotte World တွင်လည်း အထူးဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။” ဆီးချိုရောဂါ ခံစားနေရတဲ့ ကလေးတွေကို ထောက်ပံပေးတဲ့ သူတွေကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ သူတို့တွေကို ကျွန်မတို့ ထောက်ပံ့ပေးနိုင်သလောက် အကုန်လုံး လုပ်သွားဖို့ စီစဉ်ထားပါတယ်။ သူတို့ တွေ အခြားကလေးတွေလို ကျန်းမာစွာ နေထိုင်သွားရဖို့ ကျွန်မတို့ ဆုတောင်းပေးသွားမှာပါ” ဟု CLC အဖွဲ့က ပြောကြားသည်။

CLC အဖွဲ့သည် ၎င်းတို့၏ မီနီတေးအယ်လ်ဘမ် “NU.CLEAR” ကို မေ ၃၀ ရက်တွင် ထွက်ရှိခဲ့ သည်။ ပြီးခဲ့သည့်နှစ်က အဖွဲ့အတွင်းသို့ အယ်လ်ကီနှင့် အန်ဘင်တို့ ဝင်ရောက်ခဲ့ပြီးနောက် အဖွဲ့ဝင် ခုနှစ်ဦးဖြင့် ယင်းတေးအယ်လ်ဘမ်ကို ပထမဆုံးအကြိမ် အရောင်းမြှင့်တင်ရေး ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags