လီမင်ဟိုနဲ့ ဂျန်ဂျီဟွန်းတို့ ဒရမ်မာဇာတ်ကားသစ်တွင် အတူ သရုပ်ဆောင်သွားမည်

လီမင်ဟိုနဲ့ ဂျန်ဂျီဟွန်းတို့ ဒရမ်မာဇာတ်ကားသစ်တွင် အတူ သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား မင်းသားချော လီမင်ဟိုနှင့် မင်းသမီး ဂျန်ဂျီဟွန်းတို့ကို မကြာမီ ထုတ်လွှင့် ပြသမည့် “The Legend of the Blue Sea” ဒရမ်မာဇာတ်ကားတွင် ခေါင်းဆောင်မင်းသား မင်းသမီး နေရာမှ ပါဝင်သရုပ်ဆောင်သွားရန် ဇာတ်ညွန်းရေးဆရာ ပက်ဂျီအန်က ရွေးချယ်ထားကြောင်း အနုပညာ အသိုင်းအဝိုင်းက ပြောကြားသည်။

ဒရမ်မာဇာတ်လမ်းနှင့် စပ်လျဉ်း၍ အချက်အလက်များကို လက်ခံရရှိပြီးနောက် လီမင်ဟိုနှင့် ဂျန်ဂျီဟွန်းတို့သည် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်ဟု အနုပညာ အသိုင်းအဝိုင်းက ပြောကြားသည်။ “The Legend of the Blue Sea” ဒရမ်မာဇာတ်ကားကို တရုတ် မီဒီယာတစ်ခုက ကမ်းလှမ်းထားမှုရှိသည်။

မီဒီယာတစ်ခုက ခန့်မှန်းခြေအားဖြင့် အပိုင်းတစ်ပိုင်းလျှင် ဝမ်ငွေ သန်း ၅၉၀ ( အမေရိကန်ဒေါ် လာ ၄၉၅ ၀၀၀) ဖြင့် ကမ်းလှမ်းထားကြောင်းနှင့် ထုတ်လုပ်ရေးကုမ္ပဏီကလည်း မဝေးတော့သည့် အနာဂတ်တွင် လေလံဆွဲသူများ ပိုမိုများပြားလာရန် ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါက ယခုနှစ် လူကြိုက်များခဲ့သော KBS2 ရုပ်သံ၏ “Descendants of the Sun”  ဇာတ်ကား ဖြန့်ချိမှုနှုန်း စံချိန်ကို ချိုးဖျက်နိုင်မည်ဟု အနုပညာအသိုင်း အဝိုင်း အတွင်းလူများက ခန့်မှန်းထားသည်။

“The Legend of the Blue Sea” ဇာတ်ကားသည် ဒိန်းမတ် စာရေးဆရာ ဟန်စ်ခရစ္စတင်း အန်ဒါဆန်၏ “ The Little Mermaid” ဝတ္ထုကို ပြင်ဆင်ရိုက်ကူးသွားမည်ဖြစ်ပြီး အသေးစိတ် အချက် အလက်မျာကို မကြာမီ ကြေညာသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly