Miss Southeast Asian 2016 ပြိုင်ပွဲတွင် ဆုနှစ်ဆု ရရှိခဲ့သည့် နေသီရိထွန်း ယနေ့ ပြန်ရောက်မည်

Miss Southeast Asian 2016 ပြိုင်ပွဲတွင် ဆုနှစ်ဆု ရရှိခဲ့သည့် နေသီရိထွန်း ယနေ့ ပြန်ရောက်မည်

အိန္ဒိယနိုင်ငံတွင် မေလ ၂၅ရက်မှ ၂၈ရက်အထိ ကျင်းပခဲ့သည့် Miss Southeast Asian 2016 ပြိုင်ပွဲတွင် 2nd Runner Up နှင့် Multi Media Award တို့ကို ရရှိခဲ့သည့် အလှမယ် နေသီရိထွန်း သည် မေလ ၃၁ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။  

Miss Southeast Asian 2016 ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံမှ ဒုတိယအကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး Multi Media Award အတွက် Voting စနစ်လဲ ပါဝင်ရာတွင် Voting အများဆုံးဖြင့် Multi Media Awardကို ရရှိခဲ့ခြင်း ဖြစ်သည်။

Miss Southeast Asian 2016 ပြိုင်ပွဲတွင် Miss Southeast Asian 2016 ကို ဗီယက်နမ် နိုင်ငံမှ ရရှိခဲ့ပြီး၊ 1st Runner Up ကို Borneo နိုင်ငံမှ ရရှိကာ၊ 2nd Runner Up ကိုတော့ မြန်မာနိုင် ငံမှ အလှမယ် နေသီရိထွန်းက ရရှိခဲ့သည်။

အလှမယ် နေသီရိထွန်းသည် ကော့သောင်းသူ တစ်ဦးဖြစ်ပြီး Miss Southeast Asian 2016 ပြိုင်ပွဲသည် ၎င်းအတွက် ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။ ပြိုင်ပွဲ အတွက် Talent Show ကိုလည်း အလှမယ် နေသီရိထွန်းမှ တောသူအချစ် သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့သည်။

Title ဆုများဖြစ်သည့် Talent Award ကို Miss Malaysia မှ ရရှိပြီး ၊ Designer Dress Award ကို Miss Vietnam မှ ရရှိကာ Best Model ဆုကို Miss Philippines မှ ရရှိပြီး Multimedia Award ကိုတော့ မြန်မာနိုင်ငံမှ ရရှိခဲ့သည့်အပြင် Pre judging interview (တစ်ဦးခြင်းအင်တာဗျူး) တွင်လည်း တတိယ အမှတ်အများဆုံး ရရှိခဲ့သည်။

Miss Southeast Asian ပြိုင်ပွဲသည် အရှေ့တောင်အာရှနိုင်ငံပေါင်း ၁၀နိုင်ငံမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင် ကြပြီး အရှေ့တောင်အာရှနိုင်ငံအချင်းချင်း ရင်းနှီးချစ်ခင်စွာနှင့် ယဉ်ကျေးမှုအလှ တရာများ ၊ နိုင်ငံအသီးသီး၏ ရိုးရာယဉ်ကျေးမှုများကို ဖလှယ်နိုင်ရန် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

ထိုပြိုင်ပွဲကို မေလ ၂၅ရက် မှ ၂၈ရက် အထိ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင် သည့် အလှမယ်များမှ Talent ယှဉ်ပြိုင်မှု ၊ Modeling နှင့် ဝတ်စားဆင်ယင်မှု ၊ National Costume ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့သည်။

အလှမယ် နေသီရိထွန်း နှင့် ၎င်း၏ National Director တစ်ဦး ဖြစ်သည့် မလှနုထွန်း တို့သည် ၃၁ ရက်နေ့ MAI 8M 232 နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နေ့လည် ၃ နာရီ ၂၀ မိနစ် တွင်  ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly