မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်ကို ဆုံးဖြတ်ပြီးဖြစ်သည်ဟု အီဗရာဟီမိုဗစ် ဆို

မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်ကို ဆုံးဖြတ်ပြီးဖြစ်သည်ဟု အီဗရာဟီမိုဗစ် ဆို

မေ ၂၇၊ အင်္ဂလန် ။           ။ မန်ယူအသင်းနှင့် သတင်းများထွက်နေသည့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က မည်သည့်အသင်းသို့ ပြောင်းမည်ကို ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ပီအက်စ်ဂျီအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့် ရှိနေသည့် မိုဗစ်ကို မန်ယူအသင်းက အသည်းအသန်အလိုရှိနေပြီး အခြားပရီးမီးယားလိဂ်ကလပ်များကလည်း ခေါ်ယူလိုလျက်ရှိသည်။

မိုဗစ်က 'ပရီးမီးယားလိဂ်အသင်းတွေဆီကနေ ကမ်းလှမ်းမှုတွေ ရထားပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်အသင်းကို ပြောင်းမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဘယ်ကို ပြောင်းမယ်ဆိုတာကိုတော့ စိတ်ထဲက ဆုံးဖြတ်ပြီးသားပါ' ဟု ပြောဆိုခဲ့သည်။

ထို့အပြင် မိုဗစ်က မော်ရင်ဟိုကို ချီးကျူးပြောဆိုခဲ့ပြီး ၎င်းတို့ကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း ဆိုသည်။ 'မန်ယူကို မော်ရင်ဟို ရောက်သွားတာက တကယ်ကောင်းတဲ့ အပြောင်းအရွှေ့ပါ။ 

သူက မန်ယူကို ထိပ်ဆုံးကို ပြန်ရောက်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နေရာတိုင်းမှာ သူကအောင်မြင်ခဲ့သူပါ။ ဘာလုပ်ရမလဲဆိုတာလည်း မော်ရင်ဟို သိပြီးသားပါ။ ခင်ဗျားအနေနဲ့အောင်မြင်မှုရချင်တယ်ဆိုရင် မော်ရင်ဟိုကို ခေါ်ရမှာပါ။

သူနဲ့ အလုပ်တွဲလုပ်ခဲ့ရတဲ့ အချိန်တွေက တကယ်ကောင်းပါတယ်။ ကျွန်တော်တို့ အတူတကွ အလုပ်ပြန်လုပ်ခွင့်ရမလားဆိုတာတော့ မသိသေးပါဘူး။

ကျွန်တော်နဲ့ မော်ရင်ဟိုတို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ဒါက ဖုံးကွယ်ထားစရာမလိုပါဘူး။ အဆက်အသွယ်လည်းရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်ထဲမှာတော့ မဟုတ်ပါဘူး' ဟု မိုဗစ်က ပြောဆိုခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly