ဟစ်ဟော့ပ်အဆိုတော် TI ဖျော်ဖြေပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား တစ်ဦး သေဆုံး

ဟစ်ဟော့ပ်အဆိုတော် TI ဖျော်ဖြေပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား တစ်ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ကျင်းပပြုလုပ်သော ဟစ်ဟော့ပ် အဆိုတော်  TI ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။

မက်ဟက်တန်မြို့ ပြည်ထောင်စုရင်ပြင်အနီးရှိ Irving Plaza တွင် မေ ၂၅ ရက် ညနေပိုင်းက  ဟစ်ဟော့ပ်အဆိုတော် TI ဖျော်ဖြေပွဲ ကျင်းပစဉ်  သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ရခြင်း၏ ရည်ရွယ်ချက် ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သေနတ်သံတွေ ကြားရတဲ့အခါ ဖျော်ဖြေရေးခန်းမ အတွင်းရှိ သူများအားလုံး ထိတ်လန့်ကြောက်ရွံခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ ရဲတပ်ဖွဲ့သည် ဖျော်ဖြေပွဲ ကျင်းပရာ နေရာတစ်ဝိုက်ကို  ပိတ်ထားခဲ့သည်။

သေနတ်ပစ်ခတ်မှုတွင် အမျိုးသားသုံးဦး နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်  အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း နယူးယော့ခ်တိုင်းမ်တွင် ဖော်ပြထားသည်။ ပစ်ခတ်မှု ဖြစ်ပွားချိန်တွင်  TI သည် စတိတ်စင်ပေါ်တွင် ရှိမနေခဲ့ကြောင်းနှင့် ၎င်း၏ ကိုယ်စားလှယ်များက ပစ်ခတ်မှုနှင့်စပ်လျဉ်း၍ ယခုအချိန်အထိ ထင်မြင်ချက် ပြောကြားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags