Secret အဖွဲ့ဝင် Hyosung သည်းထိတ်ရင်ဖို ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်

Secret အဖွဲ့ဝင် Hyosung သည်းထိတ်ရင်ဖို ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Secret အဖွဲ့ဝင် Hyosung သည်  SBS ရုပ်သံ၏ မကြာမီထုတ်လွှင့်ပြသမည့် “ Wanted” ဒရမ်မာ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

ယင်းဇာတ်ကားတွင် Hyosung သည် ဟက်ကာ ပက်ခ်ဘိုယွန်းအဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ ပက်ခ်ဘိုယွန်းသည် ရုပ်ရှင်သံကြားဌာနတွင် လက်ထောက် ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦး အဖြစ် လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ၎င်းသည် အထက်တန်းကျောင်းတတ်စဉ်က နိုင်ငံတစ်ဝန်းရှိ အထက်တန်းကျောင်း ဟက်ကာများ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူတစ်ဦးဖြစ်သည့် အပြင် “ ဗိုင်းရပ်စ် ကာကွယ်ဆေး”ကို တီထွင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

Hyosung သည် အလယ်တန်းကျောင်းတွင် ၎င်း၏အဆင့်သည် တတိယအဆင့် သတ်မှတ်ခံထားရသူ တစ်ဦးဖြစ်ပြီး အထက်တန်းကျောင်း တတ်စဉ်ကလည်း အဆင့် ၁၀ အတွင်း ဝင်ခဲ့သူတစ်ဦးဖြစ်သည့် အတွက် ပက်ခ်ဘိုယွန်းဇာတ်ရုပ်ကို အလွယ်တကူ သရုပ်ဆောင်နိုင်မည်ဖြစ်သည်။

“Wanted” ဇာတ်ကားသည် ကိုရီးယားနိုင်ငံ၏ ထိပ်တန်း သရုပ်ဆောင်မင်းသမီး၏ သားဖြစ်သူ ပြန်ပေးဆွဲခံရပြီးနောက် သားဖြစ်သူကို ကယ်တင်ရန် ရုပ်မြင်သံကြားပေါ်တွင် ပြောကြားသည့် ပြန်ပေး ဆွဲသူ၏ အမိန့်များကို လိုက်လုပ်ပေးသည့် ထိပ်တန်းမင်းသမီးတစ်ဦး၏ အကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်။

“Wanted”ဇာတ်ကားကို  SBS ရုပ်သံတွင် ဇွန် ၂၂ ရက်၌ ပွဲဦးထွက် ပြသသွားမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags