လက်ထပ်တော့မယ့် မင်းသား ရှင်ဆောင်ရော်

လက်ထပ်တော့မယ့် မင်းသား ရှင်ဆောင်ရော်

တောင်ကိုရီးယား မင်းသား ရှင်ဆောင်ရော်က လာမည့်လတွင် ၎င်း၏ ချစ်သူမိန်းကလေးဖြင့် လက်ထပ်တော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“  ရှင်ဆောင်ရော်ဟာ ဇွန်လလယ်လောက်မှာ ဟာဝါရီမှ လက်ထပ်ပွဲ ကျင်းပသွားမှာပါ။ မင်္ဂလာပွဲကို မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေကိုပဲ ဖိတ်ပြီး ရိုးရိုးရှင်းရှင်းလေးပဲ လုပ်သွားမှာပါ။ ရှင်ဆောင်ရော်ရဲ့ ချစ်သူမိန်းကလေးဟာ အနုပညာ အသိုင်းအဝိုင်းထဲက မဟုတ်ပါဘူး။ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ သူတစ်ဦးဖြစ်ပါတယ်” ဟု ၎င်း၏ အေဂျင်စီ  HB Entertainment က ပြောကြားခဲ့သည်။

ရှင်ဆောင်ရော်ဟာ မိတ်ဆွေသူငယ်ချင်းများ၏ မိတ်ဆက်ပေးမှုကြောင့် ချစ်သူမိန်းကလေးနှင့် သိကျွမ်းခဲ့ခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ယုံကြည်မှုရှိပြီ ချစ်မြတ်နိုးခြင်းကြောင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရှင်ဆောင်ရော်သည် “ My Love From the Star” ဇာတ်ကားတွင် ဗီလိန်ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ရာမှ ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ရှင်ဆောင်ရော်သည် လက်ရှိအချိန်တွင် “ Mata Hari”တေးသီချင်းဗီဒီယိုတွင်  ပြင်သစ်အရာရှိ  Lodux အဖြစ် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly