ကွယ်လွန်သွားပြီဖြစ်သော ဖခင် မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသောအားဖြင့် တက်တူးနောက်တစ်ခု ထပ်မံထိုးခဲ့သည့် ပဲရစ်ဂျက်ဆင်

ကွယ်လွန်သွားပြီဖြစ်သော ဖခင် မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသောအားဖြင့် တက်တူးနောက်တစ်ခု ထပ်မံထိုးခဲ့သည့် ပဲရစ်ဂျက်ဆင်

ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၏ သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် ပဲရစ်ဂျက်ဆင်သည် ကွယ်လွန်သွားပြီဖြစ်သော ဖခင်ဖြစ်သူကို ဂုဏ်ပြုသောအားဖြင့် တက်တူးနောက်တစ်ခု ထပ်မံထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းတက်တူးသည် ဖခင်ကို ဂုဏ်ပြုသောအားဖြင့် နှစ်လတာ ကာလအတွင်း  ပရက်ဂျက်ဆင် ဒုတိယအကြိမ် ထိုးခဲ့သည့် တက်တူးဖြစ်သည်။

ပဲရစ်၏ လက်မောင်းအောက်ဘက်နားတွင် ထိုးထားသော တက်တူးအသစ်သည် မိုက်ကယ်၏ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့သော  “Dangerous”  တေးအယ်လ်ဘမ် မျက်နှာဖုံးကို အခြေခံကာ ထိုးထားခြင်း ဖြစ်သည်။ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၏ မျက်လုံးတစ်ဝိုက်တွင် မျောက်တစ်ကောင်နှင့် ဆင်တစ်ကောင် အပါအဝင် တိရိစ္ဆာန်ပုံများဖြင့်လည်း ပုံဖော်ရေးထိုးထားသည်။

ပဲရစ်ဂျက်ဆင်က တက်တူးအသစ်ကို   Instagram တွင် တင်ခဲ့သည်။“ ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ဘဝရဲ့ ရိုးရှင်းတဲ့ အရာတိုင်းကို ဖော်ပြခြင်းတွေ ပါဝင်တယ်။ အဆုံးမရှိတဲ့ ပုံစံတွေနဲ့ ဖန်တီးမှုတွေနဲ့ တည်ရှိနေတဲ့ ဖြစ်ရပ်တစ်ခုကို ကိုယ်စားပြုတယ်။ မင်းတို့ရဲ့ မျိုးရိုးဇစ်မြစ်ကို ဘယ်တော့မှ မမေ့ပါနဲ့ အမြဲတမ်း ဂုဏ်ယူနေပါ”ဟု ပဲရစ်ဂျက်ဆင်က ရေးသားထားသည်။

ပဲရစ်သည်  လွန်ခဲ့သည့်နှစ်လ ၎င်း၏ အသက် ၁၈ နှစ်ပြည့်မွေးနေ့တွင် ကွယ်လွန်သွားပြီဖြစ်သော ဖခင်ဖြစ်သူ မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသောအားဖြင့် ပထမဆုံးအကြိမ် တက်တူးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly