ဟန်ဂေရီ ရော့ခ်အဆိုတော်က ကာနေးဝပ်စ်ကို တေးသီချင်း ကူးယူမှုဖြင့် တရားစွဲ

ဟန်ဂေရီ ရော့ခ်အဆိုတော်က ကာနေးဝပ်စ်ကို တေးသီချင်း ကူးယူမှုဖြင့် တရားစွဲ

နာမည်ကျော်အဆိုတော် ကာနေးဝပ်စ်ကို ဟန်ဂေရီရော့ခ် အဆိုတော် ဂါဘာပရက်ဆာက ခွင့်ပြုချက် မရှိဘဲ တေးသီချင်း ကူယူမှုအတွက် တရားစွဲဆိုခဲ့သည်။

ကာနေးဝပ်စ်၏ တေးအယ်လ်ဘမ် “ Yeezus”မှ တေးသီချင်း  “New Slaves”၏ သုံးပုံတစ်ပုံခန့်သည် ၁၉၆၉ ခုနှစ်က ထွက်ရှိခဲ့သော ၎င်း၏တေးသီချင်း “ Gyongyhaju Lany” ကို ခွင့်ပြုချက်မရှိဘဲ ကူးယူခဲ့ခြင်းဖြစ်ကြောင်း ဂါဘာပရက်ဆာက ပြောကြားခဲ့သည်။

ဂါဘာပရက်ဆာသည်  နယူးယော့ခ်မြို့၏ အမေရိကန် ခရိုင်တရားရုံးတွင် တေးသီချင်း ပျက်စီးမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ပေးဆောင်ရန် ကားနေးဝပ်စ်ကို  အမှုဖွင့်ခဲ့သည်။

ပရက်ဆာက  Omega တေးဂီတအဖွဲ့တွင် ရှိစဉ်က  “ Gyongyhaju Lany” တေးသီချင်းကို ရေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းတေးသီချင်းသည် ဟန်ဂေရီနှင့် အရှေ့ဥရောပတစ်ဝန်းတွင် လူအကြိုက်များဆုံး ပေါ့ပ်တေးသီချင်းများအနက် တစ်ပုဒ်အပါအဝင်ဖြစ်ကြောင်း  ပရက်ဆာက ပြောကြားခဲ့သည်။

ပရက်ဆာ၏ တိုင်ကြားမှုတွင် ဝပ်စ်၏ရှေ့နေ့များက ၎င်းထံ အမေရိကန်ဒေါ်လာ ၁၀ ၀၀၀ တန်ကြေးရှိ ချက်လက်မှတ်ပေးပို့ခဲ့ပြီး ၎င်းက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားနေသော်လည်း ပရက်ဆာက ချက်လက်မှတ်များကို ငွေကြေးဖြင့် လဲလှယ်ခဲ့ခြင်း မရှိကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly