One Direction အဖွဲ့ကနေ ထွက်ခွာဖွယ်ရှိတဲ့ ဟယ်ရီစတိုင်

One Direction အဖွဲ့ကနေ ထွက်ခွာဖွယ်ရှိတဲ့ ဟယ်ရီစတိုင်

နယူးယော့ခ်၊ မေ ၂၄ ။            ။ ဟယ်ရီစတိုင်သည် အမေရိကတွင် တစ်ကိုယ်တော် အနုပညာရှင်အဖြစ်ရပ်တည်ရန်အတွက်  One Direction အဖွဲ့မှ ထွက်ခွာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဆိုင်မွန်ကိုဝဲလ်၏ Sony အခြေပြု Syco တေးထုတ်လုပ်ရေးကုမ္ပဏီ နှင့်  Universal ကုမ္ပဏီတို့သည် ဟယ်ရီကို  စာချုပ်ချုပ်ဆိုရန် အပြိုင်လုပ်ဆောင်လျက်ရှိခြင်းကြောင့်  ဟယ်ရီသည်  One Direction အဖွဲ့သို့ ပြန်လာနိုင်ဖွယ်မရှိကြောင်း  The Sun တွင် ဖော်ပြထားသည်။

အလားအလာရှိသော စာချုပ်သစ်အရ ဟယ်ရီသည် အမေရိကတွင် တစ်ကိုယ်တော်အနုပညာရှင်အဖြစ် လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သို့ရာတွင်  Sony ကုမ္ပဏီသည် ၎င်းတို့၏တေးသံသွင်းကုမ္ပဏီတွင် ဟယ်ရီဆက်လက်ရှိစေရန် စိတ်အားထက်သန်လျက်ရှိသည်။ကုမ္ပဏီနှင့် ဆက်လက်လက်တွဲလုပ်ဆောင်ရန် ဟယ်ရီကို မက်လုံးပေးကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။

“ ဟယ်ရီဟာ ဖြစ်နိုင်သမျှ One Direction အဖွဲ့ကနေ ပြောင်းချင်တယ်။ သူဟာ အမေရိကမှာအခြေစိုက်တဲ့ အဖွဲ့သစ်တစ်ခုကို ရည်ရွယ်ထားတယ်။”ဟု အခြားသော သတင်းအရင်းမြစ်တစ်ခုက   ပြောကြားခဲ့သော်လည်း ဟယ်ရီနှင့် နီးစပ်သော အသိုင်းအဝိုင်းက ဟယ်ရီနှင့်ပတ်သက်၍ ထွက်လာသောသတင်းများသည် သေချာမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly