လက်ဆောင်ပစ္စည်း ပြန်ပေးမှုကြောင့် ဂျပန်ပေါ့ကြယ်ပွင့်ကို ပရိတ်သတ်တစ်ဦးက ဓားဖြင့်ထိုး

လက်ဆောင်ပစ္စည်း ပြန်ပေးမှုကြောင့် ဂျပန်ပေါ့ကြယ်ပွင့်ကို ပရိတ်သတ်တစ်ဦးက ဓားဖြင့်ထိုး

တိုကျို၊ မေ ၂၃ ။          ။ ဂျပန် ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ မာယုတိုမီတာသည် တိုကျိုမြို့ရှိ ဖျော်ဖြေပွဲကျင်းပမည့် နေရာတွင် ဖျော်ဖြေရန်အတွက် စောင့်ဆိုင်းနေစဉ် ပရိတ်သတ်တစ်ဦးက ဓားဖြင့်ထိုးမှုကြောင့် စိုးရိမ်ရသော အနေအထားတွင် ရှိနေကြောင်း သိရသည်။

အသက်၂၀ အရွယ် ပေါ့ပ်ကြယ်ပွင့် မာယုတိုမီတာသည် လည်းပင်နှင့် ရင်ဘက်တစ်ဝိုက်တွင် ဓားဒဏ်ရာ ၂၄ ချက်ခန့် ရရှိခဲ့သည်။ ရဲတပ်ဖွဲ့တွင် အခင်းဖြစ်ပွားရာနေရာတွင် ဓားဖြင့်ထိုးသူ အသက် ၂၇ နှစ်အရွယ်ရှိ တိုမိုဟီရိုအီဝါဇာကီကို ဖမ်းဆီးခဲ့သည်။

တိုမီတာက ၎င်းပေးခဲ့သော လက်ဆောင်ကို ပြန်ပေးခဲ့သောကြောင့် ဒေါသထွက်ခဲ့ရာမှ ယခုလို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း တိုမိုဟီရိုအီဝါဇာကီက ပြောကြားခဲ့သည်။အီဝါဇာကီသည် တွစ်တာအ ကောင့်နှင့် အခြားသော လူမှုရေးမီဒီယာ အကောင့်များတွင် မာယုတိုမီတာကို စွဲလန်းနေကြောင်း ထင်မြင် ပြောကြားချက်များကို စတင် တင်ခဲ့ခြင်းကြောင့် မာယုတိုမီတာက ရဲတပ်ဖွဲကို ဆက်သွယ်ခဲ့ ကြောင်း ဂျပန်မီဒီယာတစ်ခုက ပြောကြားသည်။

ဓားထိုးမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က တိုမိုဟီရိုအီဝါဇာကီကို လာရောက်ဖမ်းစီးစဉ် ၎င်းက တိုမီတာကို အလစ်ဖမ်းခဲ့ပြီး လက်ဆောင်ပစ္စည်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

“တိုမီတာက လက်ဆောင်ပစ္စည်းနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ဖြေဆိုခဲ့ခြင်းမရှိဘူး။ ဒါကြောင့် ကျွန်တော် ဒေါသထွက်ခဲ့ပါတယ်” ဟု တိုမိုဟီရိုအီဝါဇာကီက ပြောကြားသည်။
၂၀၁၄ ခုနှစ်ကလည်း ဂျပန် အမျိုးသမီးအဆိုတော်အဖွဲ့ AKB48 အဖွဲ့ကို အဖွဲ့၏ ပုံမှန်ပြုလုပ်နေ ကျ ပရိတ်သတ်တွေ့ဆုံပွဲတွင် တွေ့မြင်ခဲ့သော အမျိုသားတစ်ဦးက တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly