ကလေးဆေးရုံကို ငွေကြေး သွားရောက်လှူဒါန်းခဲ့တဲ့ အန်ဂျီဟွန်းနှင့် ဂူဟေးဆန်တို့ စုံတွဲ

ကလေးဆေးရုံကို ငွေကြေး သွားရောက်လှူဒါန်းခဲ့တဲ့ အန်ဂျီဟွန်းနှင့် ဂူဟေးဆန်တို့ စုံတွဲ

ဆိုးလ်၊ မေ ၂၃ ။              ။ တောင်ကိုရီးယား မင်းသား အန်ဂျီဟွန်းနှင့် ဂူဟေးဆန်တို့သည် မေ၂ ၁ ရက်က လက်ထပ်ပွဲ ကျင်းပခဲ့ပြီးနောက် Severance ကလေးဆေးရုံသို့ သွားရောက်ခဲ့ကာ မင်္ဂလာပွဲတွင် ကုန်ကျမည့် ကုန်ကျစရိတ်များကို သွားရောက် လှူဒါန်းခဲ့သည်။

၎င်းတို့စုံတွဲသည် မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပသွားမည်မဟုတ်ဘဲ ယင်းအစား မင်္ဂလာ ပွဲ ကုန်ကျစရိတ်များကို ဆေးရုံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ကူ၏ အေဂျင်စီ YG Entertainment က ပြောကြားသည်။

လှူဒါန်းငွေများကို ကလေးဆေးရုံတွင် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းနှင့် ကလေးငယ် ရောဂါရှာဖွေရေးဌာန ကြံ့ခိုင်မှုရှိရေးတို့အတွက် အသုံးပြုသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly