အန်ဂျီဟွန်းနှင့် ကူဟေးဆန်တို့ လက်ထပ်ပွဲအတွက် မှတ်ပုံတင်ခဲ့

အန်ဂျီဟွန်းနှင့် ကူဟေးဆန်တို့ လက်ထပ်ပွဲအတွက် မှတ်ပုံတင်ခဲ့

ဆိုးလ်၊ မေ ၂၀ ။             ။ တောင်ကိုရီးယားသရုပ်ဆောင် မင်းသား အန်ဂျီဟွန်းနှင့် မင်းသမီး ကူဟေးဆန်တို့ စုံတွဲသည် မေ ၂၀ ရက်က Gangnam-gu ရုံးတွင် လက်ထပ်ပွဲအတွက် မှတ်ပုံတင်ခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် အန်ဂျီဟွန်းသည် ဒရမ်မာဇာတ်ကားတစ်ကား ရိုက်ကူးရေးရှိခြင်းကြောင့် လူကိုယ်တိုင် လာရောက် နိုင်ခဲ့ခြင်း မရှိပေ။

လက်ထပ်ပွဲ မှတ်ပုံတင်ခြင်း အခမ်းအနားကို သတင်းထောက်များ တတ်ရောက်ခဲ့ကြသည်။ “လက်ထပ်ပွဲ မှတ်ပုံတင်တာကို ဂုဏ်ပြုပေးတဲ့ သတင်းထောက်တွေကို ကျေးဇူးတင်ပါတယ်” ဟု ကူဟေးဆန်က ပြောကြားခဲ့သည်။

အန်ဂျီဟွန်းက ၎င်းတို့ စုံတွဲသည် မေ ၂၀ ရက်တွင် ကျရောက်မည့် ကိုရီးယားနိုင်ငံ၏ တရားဝင် လက်ထပ်ပြီးသား စုံတွဲနေ့တွင် လက်ထပ်ပွဲ မှတ်ပုံတင်ခြင်းကို လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ယခင်က ကြေညာခဲ့သည်။

အန်ဂျီဟွန်းတို့ စုံတွဲသည် မေ ၂၁ ရက်တွင် လက်ထပ်ပွဲကို အသိမှတ်ပြု လက်ထပ်ပွဲလောက် သာ ကျင်းပသွားမည်ဖြစ်ပြီး ပျားရည်စမ်းခရီး ထွက်မည်မဟုတ်ကြောင်းနှင့် ယင်းအစား လက်ထပ်ပွဲ အတွက် ကုန်ကျမည့် ကုန်ကျစရိတ်ကို Sinchon ဒေသရှိ Severance ဆေးရုံကို လှူဒါန်းသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly