ယာဉ်မတော်တဆမှုကြောင့် “Monster” ဇာတ်ကား ရိုက်ကူးမှုကို ရွှေ့ဆိုင်းခဲ့တဲ့ မင်းသား ကောင်ဂျီဟန်

ယာဉ်မတော်တဆမှုကြောင့် “Monster” ဇာတ်ကား ရိုက်ကူးမှုကို ရွှေ့ဆိုင်းခဲ့တဲ့ မင်းသား ကောင်ဂျီဟန်

ဆိုးလ်၊ မေ ၂၀ ။             ။ တောင်ကိုရီးယား မင်းသား ကောင်ဂျီဟန်သည် MBC ရုပ်သံ၏ ဒရမ်မာဇာတ်ကား “Monster” ကို ရိုက်ကူးပြီးနောက် နေအိမ်သို့ ပြန်ရာလမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း Star News သတင်းအေဂျင်စီက မေ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် ကောင်ဂျီဟန်၏ ကားနောက်ခန်းဘက်သည် ပျက်စီးခဲ့ပြီး ကောင်ဂျီဟန်နှင့် ၎င်း၏ မန်နေဂျာတို့ကို ဆေးရုံသို့ တင်ပို့ခဲ့ကြောင်းနှင့် ပြင်းထန်သော ဒဏ်ရာရရှိ ခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန်သည်။

သို့ရာတွင် ကောင်ဂျီဟန်သည် ပြန်လည်ကောင်းမွန်လာရေးအတွက် အချိန်ယူလိုသည့်တွက် “Monster” ဇာတ်ကား ရိုက်ကူးမှုကို ရွှေ့ဆိုင်းခဲ့သည်။” ကောင်ဂျီဟန်ဟာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။ သူဟာ တစ်ကိုယ်လုံး ကိုက်ခဲနေ တယ်။ ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်။ ဒါကြောင့်  ယနေ့မှာတော့ သူဟာ  ‘Monster’ ဒရမ်မာ ဇာတ်ကား ရိုက်ကူးရေးကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကနေပြန်လည် သက်သာလာတာနဲ့ ဒရမ်မာဇာတ်ကားကို ပြန်လည် ရိုက်ကူးသွားမယ်လို့ ကောင်ဂျီဟန်က ကတိပြု ထားပါတယ်” ဟု ၎င်း၏ အေဂျင်စီ Huayi Brothers က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly