ဂျိမ်းစဘွန်း ဇာတ်ကားနှစ်ကား ထပ်ရိုက်ဖို့ စတာလင်ပေါင် ၆၈ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းလိုက်တဲ့ ဒယ်နီရဲလ်ခရက်

ဂျိမ်းစဘွန်း ဇာတ်ကားနှစ်ကား ထပ်ရိုက်ဖို့ စတာလင်ပေါင် ၆၈ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းလိုက်တဲ့ ဒယ်နီရဲလ်ခရက်

နယူးယော့ခ်၊ မေ ၂၀ ။            ။ ဟောလီးဝုဒ် မင်းသားကြီး ဒယ်နီရဲလ်ခရက်အား ဂျိမ်းစဘွန်းဇာတ်ကား နှစ်ကားတွင် ပါဝင် သရုပ်ဆောင်ပေးရန် စတာလင်ပေါင် ၆၈ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ခရက်သည် ဂျိမ်းစဘွန်းဇာတ်ကား လေးကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ စုစုပေါင်း စတာ လင်ပေါင် ၃၈ သန်း ရရှိခဲ့သည့်အတွက် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရာတွင် ကြေးအမြင့်ဆုံး ရရှိသည့် မင်းသားဖြစ်သည်။

ခရက်သည် ဂျိမ်းစဘွန်း ဇာတ်ရုပ်ကို ၂၀၀၅ ခုနှစ်ကစ၍ သရုပ်ဆောင်ခဲ့ကြောင်းနှင့် ဂျိမ်းစဘွန်း ဇာတ်ကား အောင်မြင်ခဲ့ခြင်းကြောင့် MGM သည်လည်း ဒေဝါလီခံရမည့်အရေးမှ ရှောင်ရှားနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဂျိမ်းစဘွန်းဇာတ်လမ်းတွဲ “Spectre” ဇာတ်ကားတွင် ခရက် ပါဝင်သရုပ် ဆောင်ခဲ့ပြီးနောက် ထပ်မံရိုက်ကူးမည့် ဂျိမ်းစဘွန်းဇာတ်ကားနှစ်ကားတွင် ပါဝင်သရုပ်ဆောင်ပေးရန်  MGM စတူဒီယိုက  စတာလင်ပေါင် ၆၈သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ခရက်က ငြင်းဆန်ခဲ့ခြင်းဖြစ် ကြောင်း အတွင်းလူများက ပြောကြားသည်။

“Spectre ဇာတ်ကားကို ရိုက်ကူးပြီးတဲ့နောက် ဒီဇာတ်ကားဟာ ကျွန်တော်ရဲ့ နောက်ဆုံးဇာတ် ကားဖြစ်မှာပါ” ဟု ခရက်က ပရိတ်သတ်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ရုပ်ရှင်ကုမ္ပဏီက ခရက် ကို ငွေကြေးအမြောက်အမြားဖြင့် ကမ်းလှမ်းလျှင် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ပေးမည်ဟု တွေးထင်ထားသည်။ ခရက်သည် “Specture” ဇာတ်ကား ဖိုက်တင်ခန်းကို ရိုက်ကူးစဉ် ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

ဗြိတိန် သရုပ်ဆောင်မင်းသား တွမ်ဟစ်လက်စ်တန်သည် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင် သွားမည့် မင်းသားသစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အများက ထင်ကြေးပေးပြောကြားလျက် ရှိသော် လည်း တွမ်ဟစ်လက်စ်တန်က ဂျိမ်းစဘွန်း ဇာတ်ရုပ်တွင် သရုပ်ဆောင်ရန် ၎င်းအား လာရောက် ဆွေးနွေးခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly