စစ်မှုထမ်းတာဝန် ထမ်းဆောင်ခွင့်မှ ကင်းလွတ်ခွင့်ရခဲ့တဲ့ လီမင်ဟို

စစ်မှုထမ်းတာဝန် ထမ်းဆောင်ခွင့်မှ ကင်းလွတ်ခွင့်ရခဲ့တဲ့ လီမင်ဟို

ဆိုးလ်၊ မေ ၁၉ ။              ။ တောင်ကိုရီးယား မင်းသား လီမင်ဟိုသည် စစ်မှုထမ်းတာဝန် ထမ်းဆောင်ရမည့် အစား ပြည်သူ့ ဝန်ထမ်းအဖြစ် ထမ်းဆောင်ရမည်ဖြစ်ကြောင်း အနုပညာလုပ်ငန်းမှ အတွင်းလူများက ပြောကြားသည်။

လီသည် စစ်တပ်တွင် စစ်မှုထမ်းတာဝန် ထမ်းဆောင်ရမည့်အစား ပြည်သူ့ဝန်ထမ်းတစ်ဦးအ ဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းနှင့် တာဝန်ထမ်းဆောင်ရမည့် ရက်အတိအကျကိုမူ မသိရှိရ သေးကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ပြောကြားသည်။

လီသည် ၂၀၀၆ ခုနှစ်က ပြင်းထန်သော ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ခြေထောက် ကျိုးခဲ့ခြင်းကြောင့် သတ္တူချောင်း အစားထိုးခဲ့ရကြောင်း အကြောင်းပြချက် ပေးခဲ့သည်။

ထို့အပြင် ၂၀၁၁ ခုနှစ်က “City Hunter” ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား ရိုက်ကူးနေစဉ် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင်လည်း လီပါဝင်ခဲ့သည်။ ထို့ကြောင့် လီသည် စစ်မှု့ထမ်းခွင့်မှ ကင်းလွတ်ခွင့် ရခဲ့ခြင်းဖြစ်သည်။

အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အတွင်းရှိ ကိုရီးယားအမျိုးသားများ အားလုံးသည် စစ်မှုမထမ်းမနေ ရ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ကြရသော်လည်း ဆေးကုသမှု အခြေအနေရှိသော အမျိုးသားများ သည် စစ်မှုထမ်းတာဝန်အစား ပြည်သူ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရန် ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly