ခင်ပွန်းဖြစ်သူ ဆုံးပြီးနောက် ဘဝမှာ ခက်ခဲမှုတွေရှိကြောင်း ထုတ်ဖော် ပြောကြားလာတဲ့ ဆလင်းဒီအွန်

ခင်ပွန်းဖြစ်သူ ဆုံးပြီးနောက် ဘဝမှာ ခက်ခဲမှုတွေရှိကြောင်း ထုတ်ဖော် ပြောကြားလာတဲ့ ဆလင်းဒီအွန်

နယူးယော့ခ်၊ မေ ၁၉ ။            ။ ကနေဒါအဆိုတော် ဆလင်းဒီအွန်က ခင်ပွန်းဖြစ်သူ ရီနီအန်ဂျလီ လည်ချောင်းကင်ဆာရောဂါ ဖြင့် ကွယ်လွန်ခဲ့ပြီးနောက် ယခုအခါ ၎င်း၏ ဘဝတွင် ခက်ခဲမှုတွေရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက် လေးလအကြာတွင် ဆလင်းဒီအွန်က ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ရီနီသေဆုံးပြီးနောက် သီတင်းပတ် ခြောက်ပတ်အကြာတွင် လက်စ်ဗီးဂက်စ်အိမ်ကို ပြန်ခဲ့သော် လည်း ခင်ပွန်းဖြစ်သူ ၎င်း၏ နံဘေးတွင် ရှိနေသည်ဟု ခံစားရကြောင်း ဆလင်းဒီအွန်က ABC သတင်း ဌာနကို ပြောကြားခဲ့သည်။

“ကျွန်မအနားမှာ သူသက်ရှိထင်ရှား မရှိတော့ပေမဲ့ ကျွန်မစိတ်ထဲမှာတော့ ကျွန်မ သူနဲ့အတူ အသက်ရှင်သန်နေပါတယ်။ သူနေကောင်းတဲ့ အချိန်တွေကိုလည်း သတိရပါတယ်။ ကျွန်မ သူ့ကို အရမ်းသတိရပါတယ်” ဟု ဆလင်းဒီအွန်က ပြောကြားခဲ့သည်။

ရီနီသည် အသက် ၇၄ နှစ်ပြည့် မွေးနေ့မတိုင်မီ နှစ်ရက်အလို ဇန်နဝါရီလက ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ဆလင်းဒီအွန်၏ အစ်ကိုဖြစ်သူ ဒါနီရဲလ်သည် ရီနီ၏ မွေးနေ့တွင် လည်ချောင်းကင်ဆာရောဂါ ဖြင့် ကွယ်လွန်ခဲ့သဖြင့် ဆလင်းဒီအွန်တို့ မိသားစု စိတ်ထိခိုက် ကြေကွဲခဲ့ရသည်။

ဆလင်းဒီအွန်သည် မေလကုန်တွင် တစ်ကိုယ်တော် တေးသီချင်းသစ် ထွက်ရှိရန် လုပ်ဆောင် လျက်ရှိပြီး သြဂုတ်လတွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိရေးအတွက် အလုပ်များလျက်ရှိသည်။

“ကျွန်မအတွက်တော့ အခုလိုအချိန်မှာ အလုပ်လုပ်နေရတာ ပိုကောင်းပါတယ်။ ကျွန်မ အဖွဲ့ သားတို့ကို ယုံကြည်တယ်။ ရီနီ ကျွန်မဘေးမှာ ရှိတယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်မအကောင်း ဆုံး လုပ်သွားမှာပါ” ဟု ဆလင်းဒီအွန်က ပြောကြားသည်။

ဆလင်းဒီအွန်သည် ခင်ပွန်းဖြစ်သူ ရီနီနှင့် အသက် ၁၅ နှစ်အရွယ် ရီနီချားလက်စ်၊ အသက်ငါး နှစ်အရွယ် အမြွှာ နဲလ်ဆန်နှင့် အက်ဒီတို့ သားသမီးသုံးယောက် ထွန်းကားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly