miss A အဖွဲ့ဝင် ဆူဇီ၏ ကိုယ်ရေးအချက်အလက်များ အခိုးခံရ

miss A အဖွဲ့ဝင် ဆူဇီ၏ ကိုယ်ရေးအချက်အလက်များ အခိုးခံရ

ဆိုးလ်၊ မေ ၁၉  ။                       ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ miss A အဖွဲ့ဝင် ဆူဇီ၏ ကိုယ်ရေးအချက်အ လက်များကို အိန္ဒိယနိုင်ငံရှိ ရာဇဝတ်အဖွဲ့တစ်ဖွဲ့က ခိုးယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ရာဇဝတ်မှုများ ပြုလုပ်နေသည်ဟု ယူဆရသော အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးမှုအတွင်း သိမ်းဆည်း ရမိသော သက်သောအထောက်အထားများထဲတွင် ဆူဇီ၏ ဓာတ်ပုံကို အသုံးပြုကာ ပြလုပ်ထားသော ဘဏ်စာအုပ်ကို အိန္ဒိယရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ မီဒီယာတစ်ခုက မေ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမျိုးသမီးတစ်ဦးက ဘဏ်စာအုပ်ပြုလုပ်ရန် ဆူဇီ၏ ဓာတ်ပုံကို တရားမဝင် အသုံးပြုခဲ့ပြီး  အင်တာနက်မှတစ်ဆင့် ဆူဇီ၏ ဓာတ်ပုံကို ဒေါင်းလုတ်ဆွဲယူခဲ့ကြောင်း သိရသည်။

“ဒီဖြစ်ရပ် ဖြစ်ပွားတယ်ဆိုတာ ကျွန်တောတို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆူဇီဟာ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သူမရဲ့ ဓာတ်ပုံတွေကို အင်တာနက်မှာ အလွယ်တကူ ရှာဖွေရရှိနိုင်တယ်။ အိန္ဒိယမှာ ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ အသေးစိတ် အချက်အလက်တွေကို အဖြေရှာဖို့ ကြိုးစားနေပါတယ်” ဟု ဆူဇီ၏ အေဂျင်စီ JYP  Entertainmentက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly