ကာလော့စ်ဗီဗက်စ်နှင့် ရှက်ကီရာတို့၏ တေးသီချင်း ဗီဒီယိုသစ် “La Bicicleta” အွန်လိုင်းတွင် ပေါက်ကြားခဲ့

ကာလော့စ်ဗီဗက်စ်နှင့် ရှက်ကီရာတို့၏ တေးသီချင်း ဗီဒီယိုသစ် “La Bicicleta” အွန်လိုင်းတွင် ပေါက်ကြားခဲ့

နယူးယော့ခ်၊ မေ ၁၉ ။             ။ ကိုလံဘီယာအဆိုတော် ကာလော့စ်ဗီဗက်စ်နှင့် ရှက်ကီရာတို့နှစ်ဦး သီဆိုထားသော “La Bicicleta” တေးသီချင်း ဗီဒီယိုသစ် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပေါက်ကြားခဲ့ခြင်းကြောင့် Sony Music Latin ကုမ္ပဏီသည် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သတင်းပေးချင်တာကတော့ ဒီသီချင်းဟာ နောက်ဆုံးဗာရှင်း မဟုတ်ပါဘူး။ အွန်လိုင်းကို ပေါက်ကြားခဲ့တဲ့ တေးဗီဒီယိုဟာ အဆုံးမသတ်ရေးသေးတဲ့ တေးဗီဒီယိုဖြစ်ပါတယ်။ အဆိုရှင်တွေရဲ့ တေးသံသွင်းကုမ္ပဏီ Sony Music Latin က တရားဝင် ခွင့်မပြုရသေးပါဘူး” ဟု  Vives’ က ပြောကြားသည်။

“ရှက်ကီရာနဲ့ ကာလော့စ်ဗီဗက်စ်တို့နှစ်ဦး သီဆိုထားတဲ့ တရားဝင် တေးသီချင်းဗီဒီယို သစ်ကို လာမယ့်သီတင်းပတ်မှာ ထွက်ရှိသွားမှာ ဖြစ်ပါတယ်” ဟု  Vives’ က ပြောကြားသည်။

“La Bicicleta” တေးသီချင်းဗီဒီယိုကို ဇွန်လတွင် ထွက်ရှိနိုင်ရန် စီစဉ်ထားကြောင်းနှင့် ယခုအခါ တေးသီချင်းအတွက် ရိုက်ကူးနေသော ဗီဒီယိုတွင် ဗီဗက်စ်နှင့် ရှက်ကီရာတို့နှစ်ဦး သရုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly