ဖမ်းဆီးခံ အလုပ်သမား သပိတ်မှ ၂၀ ဦးကိုနေရပ်သို ့ပြန်လည်ပို ့ဆောင်

ဖမ်းဆီးခံ အလုပ်သမား သပိတ်မှ ၂၀ ဦးကိုနေရပ်သို ့ပြန်လည်ပို ့ဆောင်

နေပြည်တော်၊ မေ ၁၉ ။               ။ နေပြည်တော်အဝင်တွင် ဖြိုခွင်းဖမ်းဆီးခံလိုက်ရသည့် စစ်ကိုင်း အလုပ်သမား သပိတ်တွင်ပါဝင်သူ ၇၁ ဦးအနက် ၂၀ ဦးကို မေလ ၁၉ ရက်နေ့နံနက်ပိုင်းက နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

" ညက အမျိုးသား ၁၀ ဦး နဲ့ အမျိုးသမီး ၁၀ က ပြန်ပို့ပေးမယ်ပြောတာကို လက်ခံလို့ ထွေအုပ်တာဝန်ရှိသူတွေနဲ့ Express ကားတစ်စီးနဲ့ပြန်ပို့ပေးလိုက်ပါတယ်။ စစ်ကိုင်းက တာဝန်ရှိသူတွေထံကို ခုမနက်မှာအပ်နှံမှာပါ " ဥတ္တရ သီရီ ခရိုင်အုပ်ချုပ်ရေးမှူ း ဦးအေးသောင်းက ပြောသည်။

စစ်ကိုင်း အလုပ်သမားသပိတ်တွင် ပါဝင်သည့် ဝန်းရံသူနှင့် အလုပ်သမား ၇၁ ဦး ကို ဖမ်းဆီးခဲ့ပြီး ခေါင်းဆောင် ၁၄ ဦးကိုသာ တရားစွဲဆိုရန် စီစဉ်ထားသော်လည်း ၂၀ ဦးသာနေရပ်ပြန်ပြီး ကျန်အလုပ်သမားများမှာ နေရပ်သို့ပြန် လည် ပို့ဆောင်သည်ကို လက်မခံသဖြင့် ကျန်ရှိနေသည့် ၅၁ ဦးလုံးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးအေး သောင်းက ပြောသည်။

" အခွင့်အရေပေးတာ သူတို့ဘက်က လက်မခံဘူး။ ခေါင်းဆောင် ၁၄ ဦးကိုပါ ပြန်လွှတ်ပေးမှ ပြန်မယ်လ ပြောတဲ့ အတွက် အခု ဒီနေ့ တပ်ကုန်းတရားရုံးမှာ ရမန်ယူပြီး ရမည်းသင်းထောင်ကို ပို့မှာပါ " ၎င်းကဆိုသည်။

ခေါင်းဆောင် ၁၄ ဦး နှင့် အလုပ်သမားများအပါအဝင် စုစုပေါင်း ၅၁ ဦးကို ရဲတပ်ဖွဲ့မှ တရားစွဲဆိုရန်ပြင် ဆင်နေ သော် လည်း မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်းကို မသိရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly