အာဂျင်တီနား “Purpose” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် ရွှေ့ဆိုင်းခဲ့တဲ့ ဂျက်စတင်ဘီဘာ

အာဂျင်တီနား “Purpose” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် ရွှေ့ဆိုင်းခဲ့တဲ့ ဂျက်စတင်ဘီဘာ

နယူးယော့ခ်၊ မေ ၁၈ ။                 ။ ဆယ်ကျော်သက်များအသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာသည် ၎င်း၏ “Purpose” ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို မြောက်အမေရိကမှ ဥရောပနှင့် အာရှတိုက်တစ်ဝန်း ပြုလုပ် လျက်ရှိသော်လည်း ယခုအခါ တောင်အာဖရိကတွင် ဖျော်ဖြေမည့် ဖျော်ဖြေရေးခရီးစဉ်ကို ရွှေ့ဆိုင်း ခဲ့သည်။

ဘီဘာက ပရိတ်သတ်များထံ လာရောက်ချင်သော်လည်း လက်ရှိအချိန်တွင် အာဂျင်တီးနား နိုင်ငံရှိ ဥပဒေရေးရာ သတ်မှတ်ချက်များက ဟန့်တားလျက်ရှိခြင်းကြောင့်   ဖျော်ဖြေပွဲအစီစဉ်ကို   ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း အာဂျင်တီးနား ပရိတ်သတ်များကို တောင်းပန်ခဲ့သည်။

ဘီဘာသည် ၂၀၁၃ ခုနှစ်က ဓာတ်ပုံဆရာတစ်ဦးအား တိုက်ခိုက်ရန် သက်တော်စောင့်များကို ပြောကြားခဲ့သည့် ဖြစ်ရပ်နှင့်စပ်လျဉ်း၍  ပြီးခဲ့သည့်နှစ်က တရားရုံး၏ဆင့်ခေါ်မှုကို လာရောက်ခဲ့ခြင်းမရှိ   ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ်က ဂျက်စတင်ဘီဘာကို ဖမ်းဆီးရန် ဖမ်းဝရမ်း ထုတ်ထားမှုကြောင့် ဘီဘာသည် တောင်အာဖရိကသို့ သွားရောက်နိုင်ခြင်း မရှိပေ။ ယင်းဖြစ်ရပ်တွင် ဒဏ်ရာရရှိမှု အကြောင်းအရင်း ပြစ်မှုထင်ရှားခဲ့လျှင် ထောင်ဒဏ် တစ်လမှ ခြောက်နှစ် ကျခံရနိုင်ဖွယ် ရှိသည်။

ဂျက်စတင်ဘီဘာသည် ၂၀၁၃ ခုနှစ်ကလည်း အာဂျင်တီးနား နိုင်ငံအလံကို မြေပေါ်သို့ လွှင့်ပစ်ခဲ့ပြီး ခြေထောက်ဖြင့် အဝေးကို ဖယ်ရှားခဲ့ခြင်းကြောင့် အာဂျင်တီးနား နိုင်ငံအလံကို မလေး မစားလုပ်မှုအတွက် တွစ်တာမှတစ်ဆင့် တောင်းပန်ခဲ့သည်။ အာဂျင်တီးနား နိုင်ငံအလံကို မလေးမ စားလုပ်ခြင်းသည်လည်း ထောင်ဒဏ် လေးနှစ်အထိ ပြစ်ဒဏ်ပေးနိုင်သည့် ရာဇဝတ်မှုတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags