စတူဒီယို အယ်လ်ဘမ်နှင့်အတူ ဇွန်လတွင် ပြန်လာမည့် EXID အဖွဲ့

စတူဒီယို အယ်လ်ဘမ်နှင့်အတူ ဇွန်လတွင် ပြန်လာမည့် EXID အဖွဲ့

ဆိုးလ်၊ မေ ၁၈  ။                   ။ တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ EXID အဖွဲ့သည် ဇွန် ၁ ရက်တွင် စတူဒီယို တေးအယ်လ်ဘမ်နှင့်အတူ ပရိတ်သတ်များထံ ပြန်လာမည်ဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီ Banana Culture က မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက “Hot Pink” တေးသီချင်း နောက်ဆုံးထွက်ရှိခဲ့ပြီး ချိန်မှစ၍ ခုနစ် လအကြာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းတေးအယ်လ်ဘမ်သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါ ရီလက ပွဲဦးထွက် ထွက်ရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံး စတူဒီယိုတေးအယ်လ်ဘမ် ဖြစ်လာမည်ဖြစ်သည်။

“EXID အဖွဲ့ဟာ တေးအယ်လ်ဘမ် မျက်နှာဖုံးဓာတ်ပုံကို ရိုက်ကူးပြီးနေ စီးနေပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်က တေးဂီတဗီဒီယို ရိုက်ကူးမှုကို လုပ်ဆောင်နေပါတယ်။ အယ်လ်ဘမ်အပေါ် အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ပွဲဦးထွက် ထွက်ရှိခဲ့ပြီး နောက်ပိုင်းမှစလို ဒီတေးအယ်လ်ဘမ်ဟာ ပထမဆုံး စတူဒီယို တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေနဲ့ အနုပညာအဖွဲ့သားတွေဟာ ကြိုးကြိုးစားစား လုပ်ကိုင်နေကြပါတယ်” ဟု ၎င်းတို့၏ အေဂျင်စီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly