LGBT ဆန့်ကျင်ရေး ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည့် မြောက်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူးကို အဲလ်တန်ဂျွန် ဝေဖန်

LGBT ဆန့်ကျင်ရေး ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည့် မြောက်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူးကို အဲလ်တန်ဂျွန် ဝေဖန်

လော့စ်အိန်ဂျလိစ်၊ မေ ၁၈  ။                ။ ပေါ့ကြယ်ပွင့် အဲလ်တန်ဂျွန်က မြောက်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူး လိင်စိတ်ခံယူမှုကွဲပြား သူ (LGBT )များအပေါ် ဆန့်ကျင်သည့် မူဝါဒဆိုင်ရာ မူကြမ်းကို လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ပြစ်တင် ရှုတ်ချခဲ့ပြီး စာနာရိုင်းပင်မှုတွင် အတုယူရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

ဂျွန်က ယင်းဥပေဒသည် ခွဲခြားဆက်ဆံမှုရှိပြီး အစိုးရအဖွဲ့က ဥပဒေကို ကာကွယ်ခြင်းသည် ဒေါ်လာသန်းပေါင်းများစွာကို ဖြုန်းပစ်ခြင်းဖြစ်ကြောင်း အဲလ်တန်ဂျွန်က မေ ၁၇ ရက်တွင်  အင်တာ နက် စာမျက်နှာ၌ ရေးသားခဲ့သည်။

လိင်တူချစ်သူများ ဆန့်ကျင်ရေးဥပဒေ မူကြမ်းကို လက်မှတ်ရေးထိုးခဲ့သည့် အုပ်ချုပ်ရေးမှူး ပက်မက်စ်ကိုရီသည် အဆိုးရွားဆုံးသူဖြစ်ကြောင်း ၎င်းက လိင်ပြောင်းထားသော သူတစ်ဦးနှင့် ဘယ်တော့မှ မတွေ့ချင်ကြောင်း ပြောကြားခဲ့သည်ဟုလည်း ဂျွန်က ရေးသားထားသည်။

ဂျွန်က အတွေ့အကြုံရှိသည့် လိင်ပြောင်းထားသောသူများသည် လိင်တူချစ်သူအခွင့်အရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ရန် အခွင့်ရေး မရှိဘူးလားဟူသော ပြတ်ပြတ်သားသား ရေးသား ထားသော စာကို မက်စ်ကိုရီထံ ပေးပို့ခဲ့သည်။ သို့သော်လည်း မက်စ်ကိုရီက ယခုအချိန်ထိ တုံ့ပြန် ပြောကြားခြင်း မရှိသေးပေ။

အသက် ၆၉ နှစ်အရွယ်ရှိ ဂျွန်နှင့် ခင်ပွန်းဖြစ်သူတို့သည် သားသမီးနှစ်ယောက် ထွန်းကားခဲ့ သည်။ ဂျွန်က ၎င်း၏ သားသမီးများ၏ ကမ္ဘာသည် မြောက်ကာရိုလိုင်းနားကဲ့သို့ မနှစ်မြို့ဖွယ် ဥပဒေ ပြဌာန်းမှုမှ လွှတ်မြောက်စေလိုကြောင်းလည်း ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly