“Sherlock” ဇာတ်လမ်းတွဲ စတုတ္ထပိုင်းတွင် ဗီလန်အဖြစ် တိုဘီဂျိုးစ်

“Sherlock” ဇာတ်လမ်းတွဲ စတုတ္ထပိုင်းတွင် ဗီလန်အဖြစ် တိုဘီဂျိုးစ်

လော့စ်အိန်ဂျလိစ်၊ မေ ၁၇ ။             ။ ဗြိတိန်မင်းသားကြီး တိုဘီဂျိုးစ်သည် မကြာမီ ထုတ်လွှင့်ပြသမည့် ဘီဘီစီရုပ်သံ၏ “Sherlock” စုံထောက်ဇာတ်လမ်းတွဲ စတုတ္ထပိုင်းတွင် ဗီလိန်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

ဂျိုးစ်သည် “Sherlock” စုံထောက်ဇာတ်လမ်းတွဲ စတုတ္ထပိုင်းတွင် ဘန်နီဒက်ချမ်ဘာဘက်ရှ်နှင့် မာတင်ဖရီမန်တို့နှင့်အတူ သရုပ်ဆောင်သွားမည် ဖြစ်သည်။ “ကျွန်တော် Sherlock ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ရမယ်ဆိုတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်ကိုလည်း စိတ်ဝင်စားမိပါတယ်” ဟု တိုဘီဂျိုးစ်က ပြောကြားသည်။

“တိုဘီဂျိုးစ်က Sherlock စာရေးဆရာ Doyle ရဲ့ ဗီလိန်ဇာတ်ရုပ်ကို ပုံဖော် သရုပ်ဆောင်မယ် ဆိုတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်” ဟု အစီစဉ် ပူးတွဲဖန်တီးသူ စတီဗင်မော့ဖ်ဖက်က ပြောကြားသည်။ “ကျွန်တော်တို့ဟာ Sherlock မိသားစုဝင်ဖြစ်လာတဲ့ မင်းသား တိုဘီဂျိုးစ်ကို ကြိုဆို ပါတယ်။ တိုဘီဟာ အကောင်းဆုံး သရုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပူးတွဲ ဖန်တီးသူ မက်ခ်ဂါတစ်က ပြောကြားသည်။

“Sherlock” ဇာတ်လမ်း စတုတ္ထအတွဲ ပထမပိုင်းကို ၂၀၁၇ ခုနှစ် နှစ်ကူးသစ်နေ့တွင် ဗြိတိန်၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly