Elle တရုတ်မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ခဲ့တဲ့ ဆောင်းဟေကို ( အွန်စော)

Elle တရုတ်မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ခဲ့တဲ့ ဆောင်းဟေကို ( အွန်စော)

ဆိုးလ်၊ မေ ၁၇ ။                 ။ တောင်ကိုရီးယား မင်းသမီး ဆောင်းဟေကို (အွန်စော)သည် “Descendants of the Sun”  ဇာတ်ကားဖြင့် တရုတ်နှင့် ကိုရီးယားနိုင်ငံတို့တွင် ထိပ်တန်း မင်းသမီးတစ်ယောက် အဖြစ် အခိုင်အမာ ရပ်တည်လျက်ရှိပြီး Elle တရုတ်မဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ခဲ့သည်။

မဂ္ဂဇင်းအယ်ဒီတာချုပ် Xiao Xue က ဆောင်း၏ ဓာတ်ပုံများကို Weibo ဝက်ဆိုက်ဘ်တွင် မေ ၁၆ ရက်က တင်ပေးခဲ့သည်။

မျက်နှာဖုံးဓာတ်ပုံတွင် ဆောင်းသည် မဟာဆန်သော ဝတ်စုံနှင့် မိတ်ကပ် အညိုရောင် လိမ်းခြယ် ပြင်ဆင်ထားမှုကြောင့် ရင့်ကျင်သည့် ပုံပေါ်နေကြောင်းနှင့် ဓာတ်ပုံကို ကိုရီးယားနိုင်ငံ၏ ခရီးသွားများ လာရောက်လည်ပတ်ရာ ဂျဲဂျူးဒိုးကျွန်းတွင် ရိုက်ထားခြင်းဖြစ်ကြောင်း မဂ္ဂဇင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဆောင်းဟေကိုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဇွန်လထုတ် Elle မဂ္ဂဇင်းတွင် ဖတ်ရှုနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly