ရုပ်ရှင်ရုံမှာ ချိန်းတွေ့ခဲ့ကြတဲ့ Jung Kyung- ho နှင့် Girl’s Generation အဖွဲ့ဝင် ဆိုယောင်တို့ စုံတွဲ

ရုပ်ရှင်ရုံမှာ ချိန်းတွေ့ခဲ့ကြတဲ့ Jung Kyung- ho နှင့် Girl’s Generation အဖွဲ့ဝင် ဆိုယောင်တို့ စုံတွဲ

ဆိုးလ်၊ မေ ၁၇ ။            ။ တောင်ကိုရီးယားမင်းသား ဂျောင်ကောင်ဟိုနှင့် Girl’s Generation အဖွဲ့ဝင် ဆိုယောင်တို့ကို ရုပ်ရုပ်ရုံတွင် နှစ်ယောက်အတူ တွေ့ရှိခဲ့ကြောင်း   ပြည်တွင်းမီဒီယာများက   ပြောကြားသည်။ ၎င်းတို့ နှစ်ဦးသည် ဆိုးလ်မြို့ရှိ Chungmu Art Hall တွင် “Newsies”  ရုပ်ရှင်ကားကြည့်ရန် လာရောက်ခဲ့ကြ ခြင်း ဖြစ်သည်။

Jung Kyung-ho နှင့် ဆိုယောင်တို့နှစ်ဦးသည် ယင်းဇာတ်ကားတွင် ကက်သရင်းအဖြစ် ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်ထားသော ဆိုယောင်၏ အစ်မဖြစ်သူ ချိုဆိုဂျင်ကို ဂုဏ်ပြုရန်အတွက် အတူ လာရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

Jung နှင့် ဆိုယောင်တို့သည် ၂၀၁၄ ခုနှစ်မှ စတင်တွဲခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ရည်စားသက် တမ်း သုံးနှစ်ကျော် ရှိနေပြီ ဖြစ်သည်။

Jung သည် MBC ရုပ်သံ၏ ဒရမ်မာဇာတ်ကား “One More happy Ending” ရိုက်ကူးပြီး နောက် လက်ရှိအချိန်တွင် နောက်ဇာတ်ကားသစ် ရိုက်ကူးရန် ဆုံးဖြတ်ထားသည်။ ဆိုယောင်သည် “38 Police Squad” ဇာတ်ကားတွင် သရုပ်ဆောင်နေပြီး Girl’s Generation အဖွဲ့ယင်တစ်ဦးအဖြစ် လည်း ဂီတလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေသည်။ ဆိုယောင်း ပါဝင် သရုပ်ဆောင်ထားသော “38 Police Squad” ဇာတ်ကားကို ဇွန်လတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly