စံမမီ စားသုံးဆီများကို အရေးယူရန် နည်းလမ်းများ ကျန်းမာရေးဝန်ကြီးဌာန အကြံဉာဏ်တောင်းခံ

စံမမီ စားသုံးဆီများကို အရေးယူရန် နည်းလမ်းများ ကျန်းမာရေးဝန်ကြီးဌာန အကြံဉာဏ်တောင်းခံ

နေပြည်တော်၊ မေ ၁၇ ။         ။ စံချိန်စံနှုန်းမမီသော စားသုံးဆီများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန် ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်။

အရည်းအသွေးပြည့်မီ၍ ဘေးအန္တရယ်ကင်းရှင်းသော စားသုံးဆီများ ထုတ်လုပ်ရောင်းချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ကို မေလ ၁၇ ရက်က နေပြည်တော်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"စံမမီ စားသုံးဆီများနဲ့ပက်သက်လို့လည်း အရေးယူဆောင်ရွက်ရန် နည်းလမ်းများကိုပါ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးပါလို့တိုက်တွန်းလိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမြင့်ထွေးက   ပြောသည်။ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည့် နှစ်ရက်တာကာလအတွင်း စိုက်ပျိုးမှုကျင့်စဉ်နှင့် လျော်ညီသော အရည်အသွေးမြင့် ဆီထွက်သီးနှံကုန်ကြမ်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် နည်းလမ်းများကို အကြံပြုဆွေးနွေးကြစေလိုသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

" စားသုံးဆီများ ထုတ်လုပ်သိုလှောင် ဖြန့်ဖြူးရောင်းချရာမှာ စနစ်တကျဖြစ်စေရေးနဲ့အရည်အသွေးပြည့်မိပြီး ဘေးကင်းတဲ့ စားသုံးဆီများ ထုတ်လုပ်နိုင်ဖို့အရည်အသွေးထိန်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို လည့်ထည့်သွင်းဆွေးနွေးစေလိုပါတယ်" ဟု ဒေါက်တာမြင့်ထွေးကဆိုသည်။

၂၀၁၅ -၂၀၁၆ ခုနှစ်တွင် စားသုံးဆီနမူနာစုစုပေါင်း (၅၃) ခုကို ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးရာတွင် အမှတ်တံဆိပ်ဖော်ပြချက်နဲ့ကိုက်ညီမှုမရှိသည့် စားသုံးဆီ နမူနာ ၂၈ ကို ကိုတွေ့ရှိခဲ့ကြောင်း

ယင်းအလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။ နှစ်ရက်တာကျင်းပမည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲ သို့ဆီလုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA)၊ အစာအဟာရဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစေားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် United Nations Industrial Development Organization (UNIDO) စသည့်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly