Instagram တွင် Follower ၉ သန်း စံချိန်တင်ရရှိခဲ့တဲ့ G-Dragon

Instagram တွင် Follower ၉ သန်း စံချိန်တင်ရရှိခဲ့တဲ့ G-Dragon

ဆိုးလ်၊ မေ ၁၇ ။          ။ တောင်ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ BIGBANG အဖွဲ့ဝင် G-Dragon သည်  Instagram တွင် Follower ကိုးသန်းရရှိခဲ့ကာ ကေပေါ့ပ်အဖွဲ့၏ အအောင်မြင်ဆုံး အနုပညာရှင် ကြယ်ပွင့်အဖြစ် ဆက်လက် ရပ်တည်နေသည်။

G-Dragon သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက Instagram တွင် Follower ရှစ်သန်းခန့်အထိ ရရှိခဲ့သည်။ G-Dragon သည် Weibo တွင် Follower ၁၁ ဒသမ ၇ သန်း ရရှိထားပြီး ဖေ့စ်ဘွတ်ခ်တွင် ၆ ဒသမ ၆ သန်းနှင့် တွစ်တာတွင် ၅ ဒသမ ၈ သန်း ရရှိထားသည်။

BIGBANG အဖွဲ့သည် လက်ရှိအချိန်တွင် “2016 BIGBANG MADE [V.I.P] TOUR” ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို ဖျော်ဖြေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly