မိသားစုဝင်တွေနဲ့အတူ ဂျေဂျူးကျွန်းကို အပန်းဖြေခရီး ထွက်ခဲ့တဲ့ ရိန်းနှင့် ကင်ထယ်ဟီး

မိသားစုဝင်တွေနဲ့အတူ ဂျေဂျူးကျွန်းကို အပန်းဖြေခရီး ထွက်ခဲ့တဲ့ ရိန်းနှင့် ကင်ထယ်ဟီး

ဆိုးလ်၊ မေ ၁၇ ။           ။ တောင်ကိုရီးယား မင်းသားချော ရိန်းနှင့်  မင်းသမီး ကင်တယ်ဟီးတို့သည် ဂျေဂျူးကျွန်းသို့ အပန်းဖြေခရီး အတူသွားရောက်ခဲ့ကြောင်း ရိန်း၏ ကိုယ်စားလှယ်က အတည်ပြု ပြောကြားခဲ့သည်။” ရိန်းနဲ့ ကင်ထယ်ဟီးတို့ဟာ  မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့အတူ ဂျေဂျူးကျွန်းသို့ နှစ်ညအိပ် သုံးရက် အပန်းဖြေခရီး ထွက်ခဲ့ပါတယ်” ဟု ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“မေ ၁၉ ရက်နေ့မှာ မလေးရှားနိုင်ငံမှာ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ ရှိတာကြောင့် အပန်းဖြေခရီးက ပြန်လာတဲ့အခါ ရိန်းဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ ဒါကြောင့် အနားယူတဲ့အနေနဲ့ အပန်းဖြေခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အပန်းဖြေခရီးအတွက် အထူးတလည် အကြောင်းပြချက် မရှိပါဘူး။ သူတို့နှစ်ဦးဟာ ရိုက်ကူးရေးအစီစဉ်တွေ များနေတာကြောင့် လက်ထပ်ဖို့ ကိစ္စကို မပြောဖြစ် သေးပါဘူး” ဟု ကိုယ်စားလှယ်က ပြောကြားသည်။

ရိန်းနှင့် ကင်ထယ်ဟီးတို့ စုံတွဲသည် မိသားစုဝင်များနှင့်အတူ မေ ၁၅ ရက်နေ့က ဂျေဂျူးကျွန်း သို့ သွားရောက်ခဲ့ကြောင်း ကနဦး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ရိန်းနဲ့ ကင်ထယ်ဟီးတို့ နှစ်ဦးဟာ ကမ္ဘာလှည့်ခရီးသွားမျာဖြင့် စည်းကားသည့် အပန်းဖြေနေရာများကို သွားတာထက် သူတို့ နှစ်ဦး သက်တောင့်သက်သာ နေနိုင်တဲ့ နေရာများမှာပဲ နှစ်ယောက်အတူ အချိန်ကုန်ဆုံးကြတယ်။ သူတို့နှစ်ဦးကိုကြည့်ရတာ အရမ်းကို ပျော်ရွှင်နေပုံရပါတယ်” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောကြားသည်။

ရိန်းနှင့် ကင်ထယ်ဟီးတို့သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြု ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး၏ အသက်အရွယ် ထင်ပေါ်ကျော်ကြားမှုကြောင့် မကြာခ ဏဆိုသလို လက်ထပ်ပွဲနှင့် ပတ်သက်၍ ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းက ရိန်းအား အနာဂတ်တွင် လက်ထပ်ပွဲသတင်းနှင့် စပ်လျဉ်း၍ ပရိတ်သတ်များကို တိုက်ရိုက်ပြောကြားပေးရန် တွန်းအားပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly