တေးဂီတ ဗီဒီယိုရိုက်ကွင်း နောက်ကွယ်က ရိုက်ကူးမှုကို ပရိတ်သတ်ကို ထုတ်ဖော် ပြသခဲ့တဲ့ Tiffany

တေးဂီတ ဗီဒီယိုရိုက်ကွင်း နောက်ကွယ်က ရိုက်ကူးမှုကို ပရိတ်သတ်ကို ထုတ်ဖော် ပြသခဲ့တဲ့ Tiffany

ဆိုးလ်၊ မေ ၁၄ ။            ။ ကေပေ့ါမိန်းကလေး အဆိုတော်အဖွဲ့ Girl Generation အဖွဲ့ဝင် Tiffany သည် ၎င်း၏ တေးသီ ချင်း ဗီဒီယို “I Just Wanna Dance” ရိုက်ကူးမှုနောက်ကွယ်က ဗီဒီယိုဖိုင်ကို မေ ၁၃ ရက်က Naver V အက်ပလီကေးရှင်းမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့သည်။

ဗီဒီယိုဖိုင်တွင် တေးအယ်လ်ဘမ်အတွက် ရိုက်ကူးနေသော ဓာတ်ပုံများပါဝင်ပြီး Tiffany သည် အကအဖွဲ့သားများနှင့် ကပြနေသည့် ပုံရိပ်များလည်း ပါဝင်ခဲ့သည်။

“Tiffany ဟာ ကျွန်မတွေ့ဖူးသမျှ အဆိုတော်တွေထဲမှာ မာနထောင်လွှားမှုမရှိဘဲ ပြုံးပျော်နေ တတ်တဲ့သူတစ်ဦး ဖြစ်တယ်။ သူမရဲ့ တေးသီချင်းဟာလည်း အရမ်းကို ကောင်းပါတယ်” ဟု အဖွဲ့ဝင် အက်ရှလေက ပြောကြားသည်။

Tiffany ၏ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ် မေ ၁၁ ရက်က ထွက်ရှိခဲ့ပြီး ထိုင်း၊ ဗီယက် နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင် အပါအဝင် နိုင်ငံ ၁၄ နိုင်ငံ၏ iTunes တေးဂီတဇ ယားများတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly